6/23/2015

♪ Sony M4 Aqua ♫


Sony ကထုတ်လုပ်တဲ့ဖုန်းတွေထဲမှာ ဈေးနူန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးကိုပြပါဆိုလျင် ယင်း M4 Aqua ကိုညွှန်းရမှာပါပဲ။ ၅ လက်မ အရွယ်မျက်နှာပြင်ရှိပြီး အရောင်ပေါင်း ၁၆ သန်းကို တိကျစွာဖော်ပြနိုင်ဦးမှာပါ။
LCD မှန်အမျိုးအစား ကို အပေါ်ကခြစ်ရာ အစင်းရာမပေါ်အောင် Scratch-resistant Glass ကိုသုံးထားပါတယ်။Resolution720 x 1280 pixels (~294 ppi pixel density ရှိတဲ့အတွက် စိုပြေတောက်ပတဲ့ မျက်နှာပြင်ကိုမြင်ရမှာဖြစ်ပါတယ်။ CPU ကို Qualcomm MSM8939 Snapdragon 615 Octa-core အမျိုးအစားဖြစ်ပြီး Quad-core 1.5 GHz Cortex-A53 နှင့် quad-core 1.0 GHz Cortex-A53 နှစ်မျိုးပေါင်း Core ရှစ်လုံးမောင်းနှင်ထားသည့်အတွက် စွမ်းဆောင်ရည်အလွန်ကောင်းမွန် မှာဖြစ်ပါတယ်။

Ram 2 GB ,internal memoey 8 GB ,16 GB နှစ်မျိုး နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်ပြီး MicroSD ဖြင့် Memory 128GB ထိထပ်မံတိုးမြှင့်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ကင်မရာပိုင်းမှာ Sony ကအကောင်း ဆုံးဖြစ်ပြီး ၎င်းဖုန်းမှာလည်း 13MP main camera,5MP font facing camera တို့ပါဝင်ပါတယ်။ ဘက်ထရီ 2400mAh ဖြစ်ပြီး ဈေးနူန်းမှာ ၃သိန်း နီးပါးဖြစ်ပါသည်။

Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com