6/29/2015

♪ Myanmar Payment Union အား ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ခွင့်ပြု ♫


ယခုရက်ပိုင်းအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်တစ်ခု ထပ်မံခွင့်ပြုလိုက်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

Myanmar Payment Union အား ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ပြုပေးသည့် လိုင်စင်အမျိုးအစားမှာ Application Service လိုင်စင် အမျိုးအစားဖြစ်ပြီး ဇွန်လ ၁၇ ရက်မှ စတင်ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ လိုင်စင်သက်တမ်းအနေဖြင့် ၁၅ နှစ်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၃၄ ခုအထိ ရှိလာကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ယခုလအတွင်း လိုင်စင် ၇ ခုကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း စာရင်းများအရ သိရသည်။ အဆိုပါလိုင်စင် ထုတ်ပေးခဲ့သော ကုမ္ပဏီများမှာ Myanmar Payment Union အပြင် Kinetic Myanmar Technology, Actice Business Consolidation Services Co.,Ltd, Be The First Co.,Ltd, Yatanarbon Fiber Services Co.,Ltd, Eco Friendly Tower Co.,Ltd နှင့် Union Internet Co.,Ltd တို့ဖြစ်ကြောင်း တွေ့ရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လာရောက် လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ထုတ်ပေးကြောင်း၊ ဆက်လက် လျှောက်ထားလာသော ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများအား စိစစ်၍ လိုင်စင်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားသည်။

ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလိုင်စင်များကို ၂၀၁၅ ခုနှစ် နှစ်အစပိုင်းမှ စတင်၍ထုတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများ အပါအဝင် နည်းပညာကုမ္ပဏီ အားလုံးကို လိုင်စင်သက်တမ်း ၁၅ နှစ်ကြာ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခွင့်ပြုခဲ့သည့် လိုင်စင်အမျိုး အစားများအနေဖြင့် Nation Telecommunications လိုင်စင်, Network Facilities Service (Individual) လိုင်စင်၊ Network Facilities Service (Class) Application Service လိုင်စင်၊ Network Facilities Service (Class) လိုင်စင် စသည်တို့ ပါဝင်ကြောင်း တွေ့ရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com