6/30/2015

Android OS ဖုန်းဖြင့် Message ပို့ရာတွင် Emoticon ရုပ်ပုံများ ထည့်သွင်းခြင်းနှင့် ရောင်စုံ Keyboard အသုံးပြုခြင်း

Android OS ဖုန်းတွေနဲ့ Message ပို့တဲ့အချိန်မှာ ကာတွန်းရုပ်ပုံလေးတွေ၊ သင်္ကေတပုံစံ၊ စာသားဖြင့် ပုံစံဖော်ထားသော Emoticon ရုပ်ပုံတွေကို ထည့်သွင်းပြီး ပို့နိုင်မယ့်အပြင် ကိုယ့်ဖုန်းမှာရှိနေတဲ့ Keyboard စနစ်ကိုလည်း စိတ်ကြိုက်အရောင်အသွေးတွေနဲ့ ထည့်သွင်း အသုံးပြုနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ Keyboard ကိုရောင်စုံစနစ် ပြောင်းလဲနိုင်ဖို့နဲ့ Message မှာရုပ်ပုံတွေ ထည့်သွင်း နိုင်ဖို့အတွက် ကျွန်တော်တို့ ဆောဖ့်ဝဲကို အသုံးပြုပါမယ်။ ဆော့ဖ်ဝဲရဲ့ နာမည်ကတော့ Emoji Keyboard pro  လို့ခေါ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။
ဒီဆော့ဖ်ဝဲကိုတော့ Play Store ပေါ်မှာ အခမဲ့ရယူ အသုံးပြု နိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
ဆောဖ့်ဝဲမှာ မြင်တွေ့ရတဲ့ One ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
ဒီနေရာမှာ Emoji Keyboard စနစ်နေရာမှာ အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆိုရင် ခုလိုထပ်မံ မြင်ရပါလိမ့်မယ်။
Two ဆိုတဲ့ နေရာကို နှိပ်လိုက်ရင် ခုလိုမျိုး မြင်ရပါလိမ့်မယ်။
ဒီနေရာမှာလည်း Emoji Keyboard နေရာကို အမှတ်အသား ပေးလိုက်ပါ။ ဒါဆိုရင် ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
OK ဆိုတဲ့ နေရာကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
ဒါကတော့ ကိုယ့်ဖုန်းမှာရှိနေတဲ့ Keyboard စနစ်ကို ကြိုက်နှစ်သက်ရာ အရောင်နဲ့ ပုံစံတွေကို ရွေးချယ် အသုံးပြုနိုင်မယ့် နေရာဖြစ်ပါတယ်။ ဒီနေရာမှာ Local, Online, Custom ဆိုပြီး စနစ်သုံးခု ရှိနေပါတယ်။ Local ကတော့ ဆော့ဖ်ဝဲမှာပါတဲ့ Keyboard စနစ်တွေဖြစ်ပြီး Online ကတော့ Online ပေါ်ကနေ ထပ်မံရယူ အသုံးပြုနိုင်မယ့် နေရာဖြစ်ပါတယ်။ Custom ဆိုတာကတော့ ကိုယ့်စိတ်ကြိုက် ဓာတ်ပုံနောက်ခံ တွေကိုထည့် Keyboard နေရာမှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ မြင်ကွင်းရဲ့ဘယ်ဖက် အပေါ်ထောင့် နားမှာရှိနေတဲ့ Menu ပုံလေးကို နှိပ်လိုက်ရင် ခုလိုမျိုး မြင်ရပါလိမ့်မယ်။
ဒါကတော့ Keyboard ရဲ့ Themes စနစ်အပြင် စာလုံးဖောင့် ပုံစံနဲ့ အသံစနစ်တွေကိုပါ ပြောင်းလဲအသုံးပြု နိုင်တဲ့နေရာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Message နေရာကို သွားလိုက်ပါ။ ဒါဆိုရင်တော့ ကိုယ်ပြောင်းလဲထားတဲ့ Keyboard ကို ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
Keyboard မှာရှိနေတဲ့ မျက်နှာပုံစံလေးကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။
ဒါကတော့ Message စနစ်မှာ ထည့်သွင်းပြီး ပို့နိုင်မယ့် ရုပ်ပုံတွေ ပဲဖြစ်ပါတယ်။ အပေါ်ဘက် ဘားတန်းလေးထဲမှာ ကိုယ့်စိတ်ကြိုက် ပုံစံလေးတွေကို ရွေးချယ်ပြီးတော့လည်း အသုံးပြု နိုင်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ စနစ်ပေါ်မှာ မူတည်ပြီးတော့ ရုပ်ပုံတွေကို အများအပြား ထည့်သွင်း အသုံးပြု နိုင်တာကို တွေ့ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိ တဲ့ Keyboard ပေါ်က Menu ပုံစံ လေးထောင့်ကွက်လေး လေးခုပြုလုပ်ထားတဲ့ နေရာကို နှိပ်လိုက်ပါ။
ဒါကတော့ စာသားတွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ပုံတွေ ရှိတဲ့နေရာ ဖြစ်ပါတယ်။ လေးထောင့်ကွက်ကို နှိပ်လိုက်ရင် ခုလိုမျိုး မြင်တွေ့ရမှာပါ။
ဒီနေရာမှာ ရှိနေရာမှာ မြင်တွေ့ရတဲ့ စနစ်တွေထဲမှာ ကိုယ့်စိတ်ကြိုက် ပုံစံတွေနဲ့ အရောင်တွေ အစရှိသဖြင့် စိတ်ကြိုက် ရွေးချယ် အသုံးပြု နိုင်ပါတယ်။
internetjournal-ref





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download