OnePlus က ဒုတိယမျိုးဆက် စမတ်ဖုန်းကို ဇူလိုင်လနှင့်
စက်တင်ဘာလအတွင်းတွင် ရောင်းချ မည်ဟု ကြေညာခဲ့ဖူးသော်လည်း ယခုအခါ တရုတ်မှ
ထွက်ပေါ်လာသော သတင်းအရ ဇူလိုင်လ အတွင်းတွင် တရားဝင်ကြေညာမည်ဟု သိရပါသည်။
OnePlus 2 ကို ဒေါ်လာ ၃၂၂ ဖြင့် တရုတ်တွင် ရောင်းချမည် ဖြစ်ပြီး နိုင်ငံတကာတွင် ဒေါ်လာ ၃၄၉ ခန့် ကျသင့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ပထမမျိုးဆက်ထက် ဒေါ်လာ တစ်ရာ ပိုမိုများပြား လာခြင်း ဖြစ်ပါသည်။
OnePlus 2 တွင် Qualcomm Snapdragon 810 Chipset, 3GB RAM, 13MP Main Camera, 1080p Touchscreen ပါရှိမည်ဟု သတင်းများထွက်ပေါ်နေပါသည်။ OnePlus 2 တွင် Android 5.1 ကို အခြေခံထားသော Oxygen OS မောင်းနှင်မည် ဖြစ်သည်။
Myanmar Digital Life Journal