6/27/2015

♪ Sony Xperia Z4 Tablet Review ♫


Sony Xperia Z4 Tablet ကိုမကြာမီ စတင်ရောင်းချတော့မှာဖြစ်ပြီး မတ်လ ကမိတ်ဆက်ပေးခဲ့ တာဖြစ်ပါတယ်။ Android စနစ်သုံးTablet တွေထဲမှာ အကောင်းဆုံး ထိတ်တန်း အဆင့်ဖြစ်ပြီး King Of Tablet လို့ ခေါ်ဝေါ်ကြတဲ့ iPad ကိုကောင်းကောင်းယှဉ်နိုင်တဲ့အပြင် Camera နဲ့ ပေါ့ပါးမှုအပိုင်းမှာ Z4 Tablet ကပိုမိုအားသာပါတယ်။သေသပ်ပြီး စမတ်ကျတဲ့ဒီဇိုင်း အပြင် 393 g ပေါ့ပါးမှုကရေရှည် အချိန်ကြာကြာအသုံးပြုတဲ့သူတွေအတွက် ကတ်ထူပြား တပြားကိုင်ထားသလောက်ပေါ့ပါးပြီး 6.1 mm ပဲအထူရှိလို့ တော်တော်ပါးလွှာတာကိုတွေ့ရမှာပါ။


ဒါအပြင် မိနစ်သုံးဆယ် နီးပါးရေစိမ်ခံပြီး ရေအနက် ၅ ပေ ထိ အသုံးပြု နိုင်ပြီး IP 65/IP68 အဆင့်ရေဖိအားဒဏ်ခံနိုင်ပါတယ်။ 10.1 inch. ရှိပြီး 2K (2560×1600-pixels) resolution ပုံရိပ်အရည် အသွေးရှိပြီး ယခင်ထွက်ရှိထားသော Xperia Z2 Tablet ထက် 40% ပိုမိုတောက်ပပြီးကောင်းမွန်တဲ့ ရုပ်ထွက် ကိုခံစားရမှာပါ။Snapdragon 810 ကိုအသုံးပြုထားပြီး RAM 3GB ဖြစ်ပြီး Internal Memory. 32 GB ဖြစ်ပါတယ် ။အကောင်းဆုံးအပိုင်းဖြစ်တဲ့ ကင်မရာမှာ မျက်နှာပြင် ကင်မရာ 8MP ဖြစ်ပြီး Secondary အနေဖြင့် 5MP ဖြစ်ပါတယ်။


MicroSDအနေဖြင့် 128 GB ထိထပ်မံတိုးမြှင့်အသုံးပြုနိုင်ပြီး ဘက်ထရီ က 6000mAh ဖြစ်သည်။ဒါအပြင် အကောင်းဆုံးနောက်အချက်က PS 4 Game များကို မိမိ PS 4စက်နဲ့ ချိတ်ဆက်ကစားနိုင်ဦးမှာပါ။ ဈေးနူန်း ကတော့ 649 € ဖြစ်ပါတယ်။

Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com