6/23/2015

♪ iPhone screen တွင် virtual Home ခလုတ်ထည့်သွင်းရန် Apple လုပ်ဆောင်နေ ♫


Apple သည် iPhone ၏ physical Home ခလုတ်ကို ဖယ်ရှားပြီး display တွင် virtual Home ခလုတ်ဖြင့် အစားထိုး ပြောင်းလဲမည့် နည်းပညာကို လုပ်ဆောင်နေကြောင်း DigiTimes မှ ဖော်ပြခဲ့သည်။

Apple သည် iPhone အတွက် touch and display driver integration (TDDI) single-chip နည်းပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်နေကြောင်း ထိုင်ဝမ်၏ IC ဒီဇိုင်းနယ်ပယ်မှ ရင်းမြစ်များက ဆိုခဲ့သည်။

TDDI single-chip နည်းပညာတွင် လက်ဗွေအာရုံခံစနစ်များ ပေါင်းစပ်ပါဝင်ကြောင်း၊ ၎င်းသည် အနာဂတ် iPhone များကို ပိုမိုပါးလွှာပြီး ဘေးဘောင်အလွန်သေးငယ်သော display များဖြင့် မြင်တွေ့ရနိုင်သလို Home ခလုတ် မပါဝင်သော ဒီဇိုင်းများဖြင့် မြင်တွေ့ရနိုင်ကြောင်း အထက်ပါ ရင်းမြစ်များက ပြောကြားခဲ့ သည်။

သို့သော်လည်း Home ခလုတ် မပါဝင်သည့် iPhone ဒီဇိုင်းကို ၂၀၁၇ ခုနှစ် မတိုင်မီအထိ မြင်တွေ့ရဖွယ် မရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။

(သတင်းဖော်ပြပါပုံသည် Computer Bild မှ concept ပုံဖြစ်သည်။)
Ref: 9to5Mac
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com