6/29/2015

♪ အရှေ့ဘက်တွင် LED Flash တပ်ဆင်ထားသော Samsung Galaxy J7 နှင့် J5 တို့ကို ကြေညာ ♫

1

Samsung က တရုတ်တွင် စမတ်ဖုန်းအသစ်နှစ်လုံးကြေညာလိုက်ပြီး ယခုတစ်ပတ်အတွင်း ရောင်းချပေး မည် ဖြစ်သည်။

J7 တွင် Octa-Core Snapdragon 615 Processor, ၅.၅ လက်မ 720×1280 Display တပ်ဆင်ထားပါသည်။ J5 တွင် 1.2GHz Quad-Core Snapdragon 410 Processor နှင့် ငါးလက်မ 720p Display ပါရှိပါသည်။ 3000mAh နှင့် 2600mAh Battery များ အသီးသီးတပ်ဆင်ထားပါသည်။

အခြား Specification များမှာ တူညီပြီး 1.5GB RAM, 16GB Storage, 13MP Camera, 5MP Camera များတပ်ဆင်ထားပါသည်။ LTE ဆက်သွယ်မှုကို ထောက်ပံ့ပေးပြီး Dual SIM အသုံးပြုနိုင်ပါသည်။ Android 5.1 မောင်းနှင်မည် ဖြစ်ပြီး အနက်၊ အဖြူနှင့် ရွှေရောင်များ ရွေးချယ်နိုင်ပါသည်။

အရှေ့ဘက်တွင် LED Flash တပ်ဆင်ထားသော Samsung ၏ ပထမဆုံးဖုန်းများ ဖြစ်ပါသည်။ J7 ကို ဒေါ်လာ ၂၉၀ နှင့် J5 ကို ဒေါ်လာ ၂၂၅ ဖြင့် ရောင်းချမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com