6/30/2015

♪ ညှို့အား အပြင်းဆုံး ရုရှား နိုင်ငံသူ ဟတ်ကာ ♫


ရုရှား နိုင်ငံသူ ခရစ္စတီနာ ဆဗီချင် စကာယာသည် ယခုအခါ ကမ္ဘာ ပေါ်တွင် ညှို့အား အပြင်းဆုံး Hacking အဖြစ် နာမည် ကြီးလာသည်။ အသက် (၂၂) နှစ် ရှိပြီ ဖြစ်သောမျက်ဝန်း ပြာပြာနှင့် လှပျိုဖြူသည် ရုရှားမှ ဆိုင်ဘာ ရာဇ၀တ်မှုများနှင့်ဆက်နွယ်နေသော ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သည်။ သူမသည် ဗြိတိန်နိုင်ငံမှအင်တာနက် သုံးစွဲသူများအား ပေါင်စတာလင် (၆)သန်းမျှ နစ်နာအောင် ပြုလုပ်ခဲ့သူဟု ယူဆရပြီး ကမ္ဘာ့နိုင်ငံကြီးများတွင် ပေါင်(၂၂)သန်းဖိုးမျှနစ်နာပျက်စီးမှုများ ဖြစ်ပေါ်စေသည့် အဆင့်မြင့် နည်းပညာများ အသုံးပြုနေသည့်ဆိုက်ဘာရာဇ၀တ်ဂိုဏ်း တစ်ခုနှင့် ဆက်နွယ်နေကြောင်း အမေရိကန် ရဲများကစွပ်စွဲထားသည်။

Zeus Trojanဟု အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုသော အဆိုပါ ဆိုင်ဘာရာဇ၀တ်ဂိုဏ်းသည် ဘဏ်Accountများကို Hackလုပ်ပြီး Account နံပါတ်များ၊ သက်ဆိုင်ရာ Account ပိုင်ရှင်၏ အမည်နှင့် နံပါတ်များကိုခိုးယူခဲ့သလို ဘဏ်Account အတုများဖြင့်လည်း လှည့်စားမှုများ ပြုလုပ်ခဲ့သည်။

နယူးယော့ခ်တွင် ကျောင်းတက်နေသည့် ခရစ္စတီးနားသည် အရှေ့ဥရောပ နိုင်ငံများမှ H***** (၃၇)ဦး ပါဝင်သော ဂိုဏ်းအနက်မှ အမေရိကန်တွင် ပညာသင်ကြားနေသူ (၄)ဦးတွင် အပါအ၀င်ဟု ယူဆရသည်။ ထိုဂိုဏ်းသည် အမေရိကန်၊ ဗြိတိန်နှင့် ကမ္ဘာအနှံ့သို့ ချိတ်ဆက်ကာ ဘဏ်Accountများအား ခိုးယူခဲ့ခြင်းဖြစ်သည်။ နယူးယော့ခ် တရားရုံးတွင် အမှုရင်ဆိုင်ရမည့် ခရစ္စတီနာသည် သူမ၏ ကျွမ်းကျင်မှုမှ
ရရှိသော အမြတ်အစွန်းကို ဂိုဏ်းထံသို့ လွှဲပေးပြီး ရာခိုင်နှုန်းဖြင့် ငွေကြေးရရှိသည်ဟု ယုံကြည်ရသည်။

သူမသည် ယခုအခါ အမေရိကန်သို့ ထိုးဖောက်ဝင်ရောက်ကာ သူလျှိုလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အသက် (၂၈)နှစ် အရွယ် ရုရှားသူ အန်နာချပ်မန်းကဲ့သို့ နာမည်ကြီးနေပြီဖြစ်သည်။ အန်နာအား အမေရိကန်က ဇူလိုင်လအတွင်းဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်နှင်ဒဏ် ပေးခဲ့သည်။ ဆိုင်ဘာရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး မက်ဟန်တန်မှ အစိုးရရှေ့နေ ပရိဘာဟာရာက “ဒီဂျစ်တယ်ခေတ်မှာ ကောင်းကျိုးတွေ အများကြီး ရလာတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုတွေလည်း ကြီးလာတယ်။ ဥပမာ၊ ဘဏ်တစ်ခုကိုမျက်နှာဖုံးဝတ်၊ သေနတ်ပြပြီး ဓားပြတိုက်တာတွေထက် နည်းပညာနဲ့
ဓားပြတိုက်လာတာတွေက ပိုဆိုးတယ်”ဟု သုံးသပ်သွားသည်။ ခရစ္စတီနာသည် ဘဏ်ဖောက်ထွင်း မှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုများနှင့်စွဲချက်တင်ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 Credit: ¿¿¿

Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com