6/30/2015

♪ Huawei က တန်ဖိုးနည်း T1 10 တက်ဘလက်ကို ရောင်းချ ♫

2

Huawei က T1 10 ဟု အမည်ပေးထားသော တက်ဘလက်အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ T1 10 သည် MediaPad T1 10 ကို ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်ပါသည်။

Huawei T1 10 တွင် ၉.၆ လက်မ IPS HD Display , Adreno 306 GPU, 1GB RAM တပ်ဆင်ထား ပါသည်။ Quad-Core 1.2GHz Cortex-A53 CPU ပါသော Snapdragon 410 Chip မောင်းနှင် မည် ဖြစ်သည်။ 5MP Rear Camera, 2MP Front Camera ပါရှိပါသည်။ LTE ဆက်သွယ်မှု ကို ထောက်ပံ့ပေးပြီး Android KitKat ထည့်သွင်းပေးထားပါသည်။

4800mAh Battery တပ်ဆင်ထားပြီး Standby အသုံးပြုလျှင် ၂၄ အသုံးခံပါသည်။ ဗီဒီယိုများကြည့်ရှုလျှင် ၁၂ နာရီ နှင့် ၀က်ဆိုက်များကြည့်လျှင် ၆.၅ နာရီ အသုံးခံပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com