6/29/2015

♪ အစိတ်အပိုင်းများကို လဲလှယ်နိုင်သော Fairphone 2 ကို ကြေညာ ♫

၅

အမ်စတာဒမ် အခြေစိုက် ကုမ္ပဏီက Fairphone 2 ကို ရောင်းချတော့မည်ဖြစ်သည်။ Fairphone သည် Modular Design ဖြစ်ပြီး အစိတ်အပိုင်းများကို လဲလှယ်နိုင်ပါသည်။ ထို့အတွက် ကင်မရာ မကောင်းတော့လျှင် ဖုန်းအသစ်တစ်လုံး ၀ယ်ရန် မလိုတော့ဘဲ ကင်မရာကိုသာ ဖြုတ်၍ ပိုမိုကောင်းသော ကင်မရာတစ်ခုနှင့် လဲလှယ်နိုင်ပါသည်။

ကင်မရာအပြင် CPU, Microphone, Display နှင့် အခြား အစိတ်အပိုင်းများကို လဲလှယ်နိုင်ပါသည်။ ဖုန်းတွင် Android 5.1 Lollipop မောင်းနှင်မည် ဖြစ်ပြီး ငါးလက်မ 1080p Display တပ်ဆင်ထားပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ Snapdragon 801 Chipset, 2GB RAM, 8MP Camera တပ်ဆင်ထားပါသည်။ 4G LTE ကို ထောက်ပံ့ပေးပြီး SIM Slot နှစ်ခု၊ microSD Card Slot တစ်ခု ပါရှိပါသည်။

ဥရောပတွင် ယူရို ၅၂၅ ဖြင့် ယခုနှစ်ဆောင်းရာသီတွင် ရောင်းချမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com