6/20/2015

♪ Huawei TalkBand B2 ♫

b2

Fitness Band နယ်ပယ်အတွက် Huawei ရဲ့ နောက်ထပ်ခြေလှမ်း အဖြစ်ရောက်ရှိလာခဲ့တာက Talk Band B2 ဖြစ်ပါတယ်။Talk Band B2 ဟာ မနှစ်ကထွက်ခဲ့တဲ့ B1 ရဲ့ နောက်ထပ်မျိုးဆက် ဖြစ်ပြီး B1 တုန်းက Huawei ကိုယ်ပိုင် Fitness App နဲ့ပဲ ချိတ်ဆက်နိုင်တဲ့ အားနည်းချက်ကိုပြင်ဆင်ပြီးJawbone ရဲ့ UP နဲ့ပါ ချိတ်ဆက်နိုင်စွမ်း B2 မှာ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် B2 မှာ ဒီဇိုင်းပြောင်းလဲမှု၊ Screen touch စနစ်နဲ့အလုပ်လုပ်မှု စတာတွေက B1 ထက်ပိုပြီး စွဲမက်စရာကောင်းလာခဲ့တယ်။ B2 ကို Android ဖုန်း၊ iPhone နှစ်မျိုးစလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။


ဒီဇိုင်း
B2 မှာ အဓိကမြင်ရတဲ့အပြောင်းအလဲက ဒီဇိုင်းပိုင်းဖြစ်ပါတယ်။ B1 တုန်းက ရာဘာလက်ပတ် တစ်ခုအဖြစ် သာတည်ဆောက်ခဲ့ပေမယ့်B2 ရဲ့ ရွှေရောင်ဗားရှင်းမှာဆိုရင် သားရေလက်ပတ်ကြိုးနဲ့ သတ္ထုအတွဲ အစပ်ပေါင်းဖက်မှုကိုတွေ့မြင်ရပါမယ်။ ဖြုတ်၊ တပ်လုပ်နိုင်တဲ့ earpiece နဲ့ Clip အောက်ခြေပိုင်းဟာလည်း metalနဲ့သာတည်ဆောက်ထားပါတယ်။B1 ထက်အနည်းငယ်ပိုကြီး ပေမယ့်B2 ကို လက်မှာပတ်ထားချိန်မှာ အရမ်းကြီးလွန်းတယ်လို့ မခံစားရပါဘူး။ Band ရဲ့ အောက် ဖက်ကခလုတ်နှစ်ခုကိုနှိပ်ပြီး ပင်မ Display Unit ကို လက်ပတ်ကနေဆွဲထုတ်နိုင်ကာ အောက်ဖက်မှာ ရာဘာအုပ်ထားတဲ့ earbud ကို တွေ့ရပါမယ်။ ဒါကြောင့် ဖုန်းပြောချိန်မှာ ပင်မ unit ကို ခွာထုတ်နိုင်ပြီး ဖုန်းပြောပြီးသွားချိန်မှာ လက်မှာပြန်ပတ်ထား ရပါမယ်။

Features
Talk Band B2 ဟာအခြေခံအားဖြင့်တော့ ၀တ်ဆင်သူရဲ့တစ်နေ့ တာလုပ်ဆောင်ချက်တွေကို ခြေရာခံပေး တဲ့ကိရိယာတစ်ခုပါပဲ။ Accelerometer နဲ့ Gyroscope တွေက ၀တ်ဆင်ထားသူပြေးနေသလား၊ လမ်းလျှောက်နေသလား၊ အိပ်နေသလား၊ နေရာမှာပဲ အချိန်ကြာကြာထိုင်နေမိသလားဆိုတာတွေကို အလိုအလျောက်ခွဲခြား ဆုံးဖြတ်ပေးပါတယ်။ B2 ရဲ့Display မှာ လမ်းလျှောက်ခဲ့တဲ့ခြေလှမ်း အရေ အတွက်၊ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏ၊ အိပ်စက်ချိန်၊ နာရီမျက်နှာပြင် စတာတွေကို ဖော်ပြပေး ပါတယ်။

GPS နဲ့ Heart rate tracking တော့ မပါပါဘူး။ B2 ရဲ့ ပုံဖော် မျက်နှာပြင်အတွက် OLED dot matrix display ကိုသုံးထားပြီး ခလုတ်နှိပ်လိုက်မှ အလင်းရောင်ထွက်ကာ display ကိုမြင်နိုင်ပါမယ်။ ဒါက screen မပါတဲ့ အခြား fitness band တွေထက် B2 ရဲ့ အားသာချက်ဖြစ်ပါတယ်။


Talk Band B2 နဲ့ ဘာတွေလုပ်နိုင်မလဲ
  • hand free ဖုန်းပြောခြင်းနဲ့ စမတ်ကျကျလူမှုဘ၀အတွက် B2 ဟာ တစ်ထောင့်တစ် နေရာ ကနေပံ့ပိုးပေးမယ့် ခေတ်သစ် wearable ကိရိယာဖြစ်ပါတယ်။ 0.73 လက်မအရွယ် PMOLED display မှာသတိပေးချက်တွေ၊ alarm တွေ၊ ရာသီဥတုအခြေအနေတွေကို smart phone pager လို လုပ်ဆောင်ပြီး အသိပေးဖော်ပြပေးနိုင် ပါတယ်။
  •  ကိုယ်ခန္ဓာကျန်းမာရေးအတွက်B2 က သင်လုပ်နေတဲ့အားကစားက ဘာဖြစ်တယ်ဆိုတာကို ခွဲခြားပေးပြီး သင့်ရဲ့ကိုယ်ခန္ဓာလေ့ကျင့်ခန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။
  • ဖုန်းမှာpassword တွေရိုက်စရာမလို၊ pattern တွေ ဆွဲစရာမလိုဘဲ B2 ကို ဖုန်းနားယူ သွားပြီး power ခလုတ်ကိုနှိပ်လိုက်တာနဲ့ အလိုအလျောက် unlock ဖြစ်သွားပါမယ်။ဒီfeature ကတော့ Huawei P8 နဲ့ P8 Max ဖုန်းသုံးသူတွေသာ ရနိုင်ပါမယ်။
  • B2 မှာပါတဲ့ phone finder ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ မိမိရဲ့ ဖုန်းဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ဖုန်းက Right Here ဆိုတဲ့ ဂီတသံလေးထွက်လာပြီး အသိပေးပါတယ်။ ဒါ ကြောင့် မိမိအိမ်တွင်း မှာ ဖုန်းပျောက်လို့ရှာနေရတဲ့ဒုက်္ခကင်းဝေးသွားပါလိမ့်မယ်။
  • စမတ်ဖုန်းကင်မရာခလုတ်ရဲ့ remote အဖြစ်လည်းB2က အလုပ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် Selfie, groufie တွေရိုက်တဲ့အခါ လက်မှာပတ်ထားတဲ့ခလုတ်ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ရိုက်ကူးပြီးသားဖြစ်သွားပါလိမ့်မယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com