6/25/2015

♪ ဒေါ်လာ ၁၅၀၀န်ကျင်ရှိ 4G အထိအသုံးပြုနိုင်တဲ့ - LG G Pad 7.0 ရဲ့အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫

တန်ဖိုး - ကန်ဒေါ်လာ ၁၂၄.၉၉ (Wi-Fi)
ကန်ဒေါ်လာ ၁၅၀ (4G)


အားသာချက်
ကိုင်ဆောင်ရ လွယ်ကူစေရန် ဒီဇိုင်းပြုလုပ်ထားပြီး၊ ဈေးနှုန်းကလည်း သက်သာသဖြင့် Budget Tablet ကို အသုံးပြုလို သူများအတွက် သင့်တော်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ SIM Card ထည့်သွင်းပြီး 4G Network အသုံးပြုနိုင်တဲ့ Tablet နှင့် WiFi Only Tablet ဆိုပြီး နှစ်သက်ရာ ရွေးချယ်ဝယ်ယူ နိုင်ရန် ထုတ်လုပ်ပေးထားပါတယ်။

အားနည်းချက်
Wi-Fi Model မှာတော့ Internal Storage ဟာ 8GB သာ ပါဝင်မှာဖြစ်ပြီး၊ အနောက်ဘက် စပီကာကို ချိန်းတဲ့အခါမှာ Screen respond ဟာ အနည်းငယ် နှေးကွေးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

သုံးသပ်ချက်
Budget Tablet အမျိုးအစား တစ်ခုဖြစ်ပြီး အသုံးပြုရတာ သက်တောင့်သက်သာ ဒီဇိုင်းပုံစံကို ပြု လုပ်ပေးထားတာကြောင့် သုံးစွဲရတာ အဆင်ပြေစေမယ့် Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Qualcomm Snapdragon 400 8226Chiptset ကိုအသုံးပြုထားပြီး Quad Core Processor ကို သုံးစွဲထားပါတယ်။ Processor ရဲ့အမြန်နှုန်းကတော့ 1.2 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ ဂိမ်းကစားတာကို နှစ်သက်သူများ အတွက်ကတော့ Adreno 305 Chipset ကို အသုံးပြုပေးထားပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.4.2  ဖြစ်တဲ့Kitkat Version ကို အသုံးပြုထားပါတယ်။ Display Screen မှာ IPS LCD capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့  1280 x 800 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၇လက်မ ခန့်ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အနောက်ဘက် ကင်မရာမှာ3.5 Megapixels ရှိမှာဖြစ်ပြီး အရှေ့ဘက်ကင်မရာကတော့ 1.3 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကတော့Li-ion ဘက်ထရီကို အသုံးပြုထားပြီး Battery သိပ်သည်းဆကတော့ 4000mAh ရှိမည်ဖြစ်သည်။

ဒီဇိုင်း
ဒီဇိုင်းပိုင်းမှာ Tablet ရဲ့ ညာဘက် အထက်ပိုင်းနားမှာ Power Button နဲ့ Volume Up/ Down ကိုထည့်သွင်း ထားပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံနဲ့ သုံးစွဲသူ စွဲမက်ဖွယ်ဖြစ်အောင် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com