6/29/2015

♪ မိုဘိုင်းဖုန်း အသုံးပြုသူ၏ ကိုယ်ရေး အချက်အလက်များ ပြန်လည်ပေးအပ်ရန် လိုအပ်လာမည်ဟုဆို ♫


ဈေးကွက်အတွင်း ကိုယ်ရေး အချက်အလက်များ လိုအပ်ခြင်းမရှိဘဲ လွယ်ကူစွာ ဝယ်ယူ အသုံးပြုနေကြသည့် မိုဘိုင်းဖုန်း SIM ကတ်များသည် တစ်ချိန်၌ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ ပြန်လည်ဖြည့်သွင်းပေးရန် လိုအပ်လာမည်ဟု သိရသည်။

“SIM ကတ်တွေ Register လုပ်တာကို မတင်းကျပ်ထားဘူး ဆိုတာ တိုးတက်မှုကို အဟန့်အတား မဖြစ်စေချင်တာကြောင့်ပါ။ တစ်ချိန်ကျရင်တော့ ဒါတွေကပြန် ပြီးတော့ လုပ်ကို လုပ်ရပါလိမ့်မယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေမှူးချုပ် ဦးစိုးသိန်းက ပြောသည်။

အချက်အလက် ပေးသွင်းထားခြင်းမရှိသော SIM ကတ်များသည် အချက်အလက် ပြန်လည် တောင်းခံသည့် အခါ ဖြည့်သွင်းပေးခြင်း မရှိခဲ့ပါက လိုင်းပိတ်သိမ်းခြင်းများနှင့် ကြုံတွေ့နိုင် သည်ဟု ဦးစိုးသိန်းက ဆိုသည်။
“ဒီလိုမလုပ်ခင်မှာတော့ ကြိုတင်ပညာပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်၌ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ကိုယ်ရေး အချက်အလက် ပေးအပ်ခြင်းမရှိဘဲ SIM ကတ် ဝယ်ယူ အသုံးပြုမှု များပြားနေကြောင်း၊ တစ်ချိန်၌ မိုဘိုင်းငွေ ပေးချေမှု လုပ်ငန်းများ လုပ်ကိုင်သည့် အခါ ကိုယ်ရေး အချက်အလက်သည် အလွန်ရေးပါပြီး အချက်အလက် မရှိသူများအတွက် အစိုးရနှင့် ပြန်လည် ဆွေးနွေးရမည်ဖြစ်ကြောင်း Telenor မှ CEO ဖြစ်သူက ပြောသည်။

SIM ကတ်ဝယ်ယူစဉ် မှတ်ပုံတင်မိတ္တူ အပါအဝင် နေရပ်လိပ်စာနှင့် ကိုယ်ရေးအချက်အလက်များ ပေး အပ်ရမည်ဟု အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာ ထားသော် လည်း ဈေးကွက် အတွင်း SIM ကတ် ဝယ်ယူအသုံးပြုသူများနှင့် SIM ကတ် ရောင်းချသူများသည် ကိုယ်ရေးအချက်အလက်များကို တောင်း ခံခြင်းမရှိဘဲ လွတ်လပ်စွာ ဝယ်ယူ အသုံးပြုနေကြခြင်း ဖြစ်သည်။

ပြည်ပဆက်သွယ်ရေး အော်ပရေတာများဝင်ရောက်မလာခင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချခဲ့ သည့် မိုဘိုင်းဖုန်းလိုင်းများသည် ကိုယ်ရေး အချက်အလက်များ ပေးသွင်းထားသည့် မိုဘိုင်းဖုန်းလိုင်းများ ဖြစ် ကြသော်လည်း အချိန်ကြာမြင့်လာသည့် နောက်ပိုင်း ထပ်ဆင့် ရောင်းချမှုများ ရှိလာသည့်အတွက် အချက် အလက်များ ပြန်လည် တောင်းခံသည့်အခါ အဆိုပါ မိုဘိုင်း ဖုန်းလိုင်းများလည်း ပြန်လည် ပေးအပ်ရန် လိုအပ်လာမည်ဟု သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com