6/30/2015

♪ ZTE မှ Axon အမည်ဖြင့်ထိပ်တန်းဖုန်းတစ်လုံးထုတ် ♫


တရုတ်နိုင်ငံအခြေစိုက် ZTE ကုမ္ပဏီ ကြီးမှ ဇူလိုင်လ ၁၄ ရက်နေ့တွင်အမေရိကန်နိုင်ငံတွင် Axon အမည်ရှိ ထိပ်တန်းဖုန်းတစ်လုံးကိုမိတ်ဆက်ပေးဖွယ်ရှိသည်။ ZTE ၏ ကျောထောက်နောက်ခံဖြင့်ပြု လုပ်ခြင်း ဖြစ်ပြီး Huawei ၏ Honor ကဲ့သို့ သီးခြားရပ်တည်ထုတ်လုပ်၍ဥရောပနှင့်အမေရိကန် တို့ကိုဝင်ရောက်ဖွယ်ရှိသည်။

Huawei နှင့် ZTE ကုမ္ပဏီ များမှာ တရုတ်အစိုးရပါဝင်ပတ်သတ်မှုများရှိသည်ဟုဆိုကာ ယုံကြည်မှု နည်းပါးသောကြောင့် အဆိုပါအခြားအမည်များဖြင့်သီးခြားခွဲထုတ် ၍ထုတ်လုပ်ခြင်းဖြစ်ဖွယ်ရှိသည်။ အဆိုပါ Axon ဖုန်းသည် 5.3 လက်မ အရွယ် Phablet အရွယ်အစား ဖြစ်သည်။ ဖုန်းမျက်နှာပြင် အရည်အသွေး 2560×1440 pixels (506 ppi density) ရှိ၍အခြားဖုန်းများထက် 117%ပိုမို၍ ပြတ်သား သော ရုပ်ထွက် ကိုရရှိမည်ဖြစ်သည်။ 2K နီးပါးမြှင့်မားကြည်လင်သော Screen Resolution ဖြစ်သည်။


CPU ကို MediaTek MT 6792 Octa-core Processor 2.0 GHz ဖြစ်ပြီး RAM 4GB ဖြစ်သောကြောင့် Multitasking, Game,Application Running များအတွက်လုံလောက်သောပမာဏဖြစ်သည်။ Camera တွင်ပင်မအနေဖြင့် 16MP Dual Lens ကင်မရာနှစ်လုံးပါဝင်ပြီး 4K resolution အထိရိုက်ကူးနိုင်သော ကင်မရာများဖြင့်ဖွဲစည်းထားသည်။


Font Camera မှာ 8MP ဖြစ်သည်။ Internal Memory အနေဖြင့် 32 GB ဖြစ်ပြီး 32 GB ထပ်မံတိုးမြှင့် အသုံးပြုရန် MicroSD ပါရှိပြီး ဘက်ထရီ မှာ 4000mAh ဖြစ် သည်။ဈေးနူန်းအားဖြင့် ကြိုတင်အမှာစာ အတွက် US$ 450 ဖြစ်သည်။

Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com