6/12/2015

♪ Asus က ZenWatch 2 စမတ်နာရီကို မိတ်ဆက် ♫

4

Asus က ထိုင်ဝမ်တွင် ပြုလုပ်သော Computex Conference တွင် ZenWatch 2 စမတ်နာရီကို မိတ်ဆက်လိုက်ပါသည်။ အရွယ်သေးနှင့် အရွယ်ကြီး နှစ်မျိုးထုတ်လုပ်ပေးထားပြီး လက်ပတ်ကြိး ၁၈ မျိုးနှင့် ငွေ၊ ရွှေစသည့် ကိုယ်ထည်အရောင်များကို ရွေးချယ်နိုင်ပါသည်။

Asus က ZenWatch 2 သည် တစ်ခါအားသွင်းထားလျှင် လေးရက် အသုံးခံသည်ဟု ပြောပါသည်။ စမတ်နာရီသည် ဖုန်းနှင့် ကြိုးမဲ့ ချိတ်ဆက်နိုင်ပြီး Calls, Messages, Notifications, Calendars နှင့် အခြား သတင်းအချက်အလက်များကို စမတ်နာရီမှ သိရှိနိုင်ပါသည်။

ZenWatch 2 ၏ မျက်နှာပြင်သည် အနည်းငယ် ကွေးညွှတ်နေပြီး ခြစ်ရာများကို ခံနိုင်ရည်ရှိစေရန် Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ Remote Camera စွမ်းဆောင်ချက်ပါရှိပြီး စမတ်ဖုန်း ကင်မရာမှ ရိုက်ကူးမှုများကို စမတ်နာရီတွင် ပြသပေးနိုင်ပါသည်။ စမတ်နာရီမှ Zoom ပြုလုပ်နိုင်ပြီး ဖုန်း၏ အရှေ့နှင့် အနောက်ကင်မရာများကို ပြောင်းလဲနိုင်ပါသည်။

စမတ်နာရီ အသုံးပြုသူ၏ နေ့စဉ်လှုပ်ရှားမှုများ၊ ကယ်လိုရီ လောင်ကျွမ်းမှုများကို တိုင်းတာတွက်ချက်ပေး သည့် Wellness Smartphone App ကိုလည်း Asus က ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးလိုက်ပါသည်။

စမတ်နာရီသည် ရေစိုခံသဖြင့် ရေချိုးခန်းနှင့် ရေကူးကန်တွင် ရေကူးလျှင် ၀တ်ဆင်သွားနိုင်ပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com