6/23/2015

♪ Android Device မှ ဒေတာများကို လုံခြုံစွာ ဖျက်ဆီးနည်း ♫

1

Anti-Virus Apps များကို တီထွင်နေသော Avast က Android ရဲ့ Factory Reset ဟာ သင့်ဖုန်းမှ ဒေတာများကို အမှန်တကယ် ဖျက်ဆီးပေးနိုင်ခြင်း မရှိပါဘူးလို့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ ဖုန်းကို အခြားသူများကို လက်ဆောင်ပေးခြင်း၊ ရောင်းချခြင်းများ ပြုလုပ်တဲ့အခါ မှာ ဒေတာများကို ဖျက်ဆီးဖို့အတွက် Factory Reset ချရုံနဲ့ မလုံလောက်တော့ပါဘူး။

လူတော်တော်များများက Android ရဲ့ Factory Reset ဟာ လုံလောက်တယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် မလုံလောက်ပါဘူး။ Android Phone, Tablet တွေ အပါအ၀င် Digital Device အများစု မှာ ဒေတာတွေကို ဖျက်ဆီးလိုက်ရင် အမှန်တကယ် ပျက်ဆီးခြင်း မရှိသေးပါဘူး။ အဲဒီ ဒေတာများနေရာမှာ အခြား ဒေတာများကို အစားထိုး နိုင်ပြီလို့ သတ်မှတ်လိုက်ရုံသာ ရှိပါသေးတယ်။ အခြား ဒေတာများ မ၀င်ရောက်လာခင်မှာ ဖျက်ဆီးဖို့ သတ်မှတ်ထားတဲ့ ဒေတာများကို အခြား လူတစ်ယောက်က ခြေရာခံ ရယူနိုင်ပါတယ်။

အဲဒီအတွက် သင့်ရဲ့ Android Device များမှ ဒေတာများကို လုံခြုံစွာ ဖျက်ဆီးချင်ရင် အရင်ဆုံး ဒေတာများ ကို Lock လုပ်ပြီးမှ Factory Reset ပြုလုပ်သင့်ပါတယ်။

Encrypt Your Data
သင့်ရဲ့ Android Device မှ ဒေတာများကို Encrypt လုပ်ရင် ဒေတာများကို Password နဲ့ ကာကွယ်လိုက် တာ ဖြစ်ပါတယ်။ သင့်ဖုန်းကို အခြားလူများထံ လွှဲပြောင်းရင် ဒါမှမဟုတ် သင့်ဖုန်းကို ရောင်းချရင် အရင်ဆုံး Encrypt လုပ်ရမှာ ဖြစ်ပါတယ်။

Encrypt Phone
Settings ထဲသွားပြီး Security ထဲဝင်ပါ။ Phone Storage Encryption မှာ အမှန်ခြစ်ပေးပါ။ သင့်ဖုန်းမှာ SD Card ထည့်ထားရင် SD Card ကိုပါ Encrypt လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

သင့်ဖုန်းမှ ဒေတာ ပမာဏ အပေါ်မူတည်ပြီး Encrypt လုပ်ချိန်ဟာ ကြာမြင့်မှာ ဖြစ်ပါတယ်။ တစ်နာရီလောက် ကြာမြင့်တတ်ပါတယ်။ Encrypt လုပ်ပြီးရင်တော့ သင့်ဖုန်းကို Factory Reset လုပ်နိုင်ပါ တယ်။ ဒီလိုလုပ်လိုက်ပေမယ့်လည်း သင့်ဒေတာတွေဟာ ဖုန်းထဲမှာ ရှိနေသေးတယ်ဆိုတာ သတိပြုပါ။ Encrypt လုပ်ထားတဲ့အတွက် အခြားလူက လွယ်လွယ်ကူကူနဲ့ ဖတ်ရှုလို့ရမှာ မဟုတ်တော့ပါဘူး။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com