Lenovo က Phablet အမျိုးအစားဖြစ်သည့် K3 Note ကို တရုတ်ပြင်ပတွင် စတင်ရောင်းချပေးတော့ မည် ဖြစ်သည်။
K3 Note တွင် ၅.၅ လက်မ 1080p Full HD Display, 13MP Rear Camera, 5MP Front Camera, 2GB RAM, 16GB Storage, 3000mAh Battery , 1.7GHz Octa-Core MediaTek Chipset တို့ပါရှိပါသည်။ Android 5.0 မောင်းနှင်မည် ဖြစ်သည်။ 32GB အထိဝင်ဆန့်သော mciroSD Card ထည့်သွင်းနိုင်မည် ဖြစ်သည်။ အနောက်ဘက်ကင်မရာက Full HD Video များကို ရိုက်ကူးပေးနိုင်ပါသည်။
Dual-SIM ထည့်သွင်းနိုင်ပြီး SIM 1 တွင် 2G/3G/4G တို့ကို အထောက်အပံ့ပေးပြီး SIM 2 တွင် GSM ကိုသာထည့်သွင်းနိုင်ပါသည်။
K3 Notes ကို အိန္ဒိယရူပီး ၉၃၀၂ ( ဒေါ်လာ ၁၄၄) ဖြင့် ရောင်းချမည် ဖြစ်ပြီး တန်ဖိုးသက်သာပါသည်။
Myanmar Digital Life Journal