6/30/2015

♪ Facebook က စတေးတပ်ရေးသားရာတွင် အကြံပြုမည် ♫

3

Facebook က အသုံးပြုသူများ စတေးတပ်တင်သည့်အချိန်တွင် သင့်တော်သည့် အကြံပြုချက်များ ပြသ မည်ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်ကို အသုံးပြုသူ အချို့တွင် တွေ့ရှိနေပြီဟု သိရပါသည်။

Facebook က လက်ရှိ Events များအပေါ်တွင် အခြေခံ၍ အကြောင်းအရာ ခေါင်းစီးများကို အကြံပြုမည် ဖြစ်သည်။ Facebook က သတင်းများကို သူ၏ လူမှုကွန်ရက်တွင် အပြည့်အစုံပြသရန်လည်း ကြိုးစားနေပါသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင်လည်း Trending ကဏ္ဍကို ထည့်သွင်းပေးခဲ့ပါသည်။

စွမ်းဆောင်ချက်အသစ်သည် အသုံးပြုသူ မကြာမီက ပို့စ်တင်ခဲ့သော အကြောင်းအရာများ အပေါ်အခြေခံ၍ လည်း အကြံပြုချက်များ ပြသပေးနိုင်ပါသည်။ အသုံးပြုသူက Status Box တွင် စာရေးရန် Cursor ချသည်နှင့် အကြံပြုချက်များ ပြသပေးမည် ဖြစ်သည်။ သို့သော် အဆိုပါ စွမ်းဆောင်ချက်ကို တစ်ကမ္ဘာလုံး တွင် အသုံးပြု၍ မရသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com