6/22/2015

♪ အလွန်ပါးလွှာသော Sony 4K TV များကို ဇူလိုင်လတွင် ရောင်းချမည် ♫


Android ဖြင့် အသုံးပြုနိုင်ပြီး အလွန်ပါးလွှာသော Sony ၏ X900C နှင့် X910C 4K TV များကို ဇူလိုင်လ တွင် ရောင်းချမည်ဟု သိရသည်။

အထူ ၀.၁၉ လက်မသာရှိသော X900C series ကို ၅၅ လက်မ အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၂,၄၉၉ ဖြင့် လည်းကောင်း၊ ၆၅ လက်မအတွက် အမေရိကန်ဒေါ်လာ ၃,၉၉၉ ဖြင့်လည်းကောင်း ရောင်းချ သွားမည် ဖြစ်သည်။

၇၅ လက်မအရွယ် X910C အမျိုးအစားကိုမူ အမေရိကန်ဒေါ်လာ ၅,၄၉၉ ဖြင့် နွေရာသီတွင် တင်ပို့ရောင်းချ သွားမည်ဟု Sony မှ ပြောကြားခဲ့သည်။

အထက်ပါ အမျိုးအစားများတွင် screen အရွယ်အစားက အဓိက ကွာခြားချက်ဖြစ်ပြီး PlayStation Now နှင့် Android TV ဖြင့် အသုံးပြုနိုင်ကာ 4K ဗီဒီယိုအတွက် X1 processor ကို ထောက်ပံ့ပေးထားသည်။

Ref: Engadget

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com