6/23/2015

♪ OnePlus 2 တွင် USB-C port ပါဝင်လာမည် ♫


ကုမ္ပဏီ၏ ဒုတိယမျိုးဆက်ဖုန်းဖြစ်သော OnePlus 2 တွင် USB-C cable တစ်ခု ပါဝင်လာမည်ဟု ဟန်းဆက်ကုမ္ပဏီ OnePlus က Twitter မှတဆင့် အတည်ပြု ပြောကြားလိုက်သည်။

အခြား Android ဖုန်းဖြစ်သော Samsung Galaxy Note 5 တွင် USB-C port ပါဝင်လာမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပွဲထုတ်မိတ်ဆက်မည့် ရက်ကို မကြေညာသေးပေ။ ထို့အတွက်ကြောင့် OnePlus 2 သည် USB-C port ပါဝင်သည့် ပထမဦးဆုံးဖုန်း ဖြစ်လာဖွယ်ရှိနေသည်။

Android M တွင် စမတ်ဖုန်းများကို အားသွင်းရန်အတွက် USB Type-C ကို အထောက်အပံ့ပေးဖွယ်ရှိပြီး ဖုန်းများနှင့် Chromebook များတွင် all-in-one connector အတွက် အထောက်အပံ့များ ပြုလုပ်ပေး သွားမည်ဟု Google မှ ပြောကြားထားသည်။

OnePlus ၏ ပထမမျိုးဆက် စမတ်ဖုန်းဖြစ်သော OnePlus One ကို ဥရောပနိုင်ငံတစ်ဝန်းတွင် ရောင်းချခဲ့ပြီး ကုမ္ပဏီ၏ စုစုပေါင်း ဈေးကွက်မှာ ၃၀ ကျော်ခန့်ရှိပြီ ဖြစ်သည်။

(သတင်းဖော်ပြပါပုံသည် OnePlus One ပုံဖြစ်သည်။)

Ref: VentureBeat
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com