6/25/2015

♪ ဈေးသက်သာတဲ့ Android One ဖုန်း မြန်မာပြည်မှာရပြီ ♫


ခုနောက်ပိုင်း Mobile Phone လောကမှာ ထွက်ရှိထားပီး လူသုံးအများဆုံး Operating System တွေ ထဲမှာတော့ iPhone/iPad တွေမှာ အသုံး ပြုတဲ့ IOS Operating System နဲ့ ကျန်တဲ့ Samsung/Sony/HTC/LG/Oppo/ GFive/VIVO/Xiaomi အကုန်လုံးမှာ အသုံးပြုနေတဲ့ Android Operating System ပဲ ဖြစ်ပါတယ်။

IOS တွေမှာကတော့ update တစ်ခါထွက်လိုက်တုန်း သူကိုယ်တိုင် ထုတ်လုပ်ထားတဲ့ hardware တွေကို အသုံးပြုထားတဲ့ iPhone/iPad အကုန်လုံးအတွက် update ရပါတယ်။ Latest ထွက်ထွက်ချင်း IOS device အကုန်နီးပါး update ပြုလုပ်နိုင်ပါတယ်။

Android တွေမှာကတော့ Main Source ဖြစ်တဲ့ Google ကနေ အချိန် တိုင်း security updates/features update တွေ ထုတ်ပေးနေပေမယ့် Vendor တွေဖြစ်တဲ့ ဖုန်း ကုမ္ပဏီကြီးတွေက များပြားလှတဲ့ သူတို့ ဖုန်း Model မျိုးစုံအတွက် update တွေကို အချိန်နဲ့ တစ်ပြေးညီ မထုတ်ပေးနိုင်တော့ပါဘူး။ Model အနည်းစုသာ update တွေကို ရရှိကြပါတယ်။

Android User များဟာ latest တွေကို အသုံးပြုချင်ကြသော်လဲ Google မှ အသစ်ထုတ်ပီး လနဲ့ ချီကြာအောင် မျက်နှာငယ်ငယ်နဲ့ စောင့် ပီးတော့ မှ အသုံးပြုနိုင်ကြပါတယ်။

Android Developer တွေ အတွက်လဲ မိမိတို့ Application တွေကို နောက်ဆုံးထွက် Android Version တွေ ပေါ်မှာ စမ်းသပ်ချင်တယ်ဆိုရင် update ထွက်ထားတဲ့ ဖုန်းကို ရှာဖွေစမ်းသပ်နေရတာ အဆင်မပြေဖြစ်ကြပါတယ်။ Developer တွေအတွက် ထုတ်လုပ်ပေးထားတဲ့ Nexus Device တွေဟာ ဆိုရင်လဲ US နိုင်ငံမှာပဲ ရောင်းချပီးတော့ ကျန်တဲ့ နိုင်ငံတွေက ဝယ်ယူရ ခက်ခဲနေပါသေးတယ်။

အဲ့ဒီ ပြဿနာတွေ ဖြေရှင်းပေးနိုင်ဖို့အတွက် Google ကနေ ပီးတော့ Android One ဆိုပီးတော့ အသုံးပြုရမယ့် Hardware Standard တွေကို ဖုန်းကုမ္ပဏီတွေကို ချမှတ်ပေးလိုက်ပါတယ်။ အဲ့ဒီ Standard ကို လိုက်နာပီးတော့ ထုတ်လုပ်ထားတဲ့ ဖုန်းတိုင်း အတွက် nexus device တွေ နည်းတူ Latest Android version update တွေကို အချိန်နဲ့ တစ်ပြေးညီ ရရှိနေမှာ ဖြစ်ပါတယ်။

အဲ့ဒီ Standard ကို လိုက်နာပီး ထုတ်လုပ်ခဲ့တဲ့ ဖုန်းတွေထဲမှာ အခု ဝင်ရောက်တဲ့ Cherry Mobile One Phone ဟာ မြန်မာနိုင်ငံကို ပထမဆုံး ဝင်ရောက်ခဲ့တဲ့ ဖုန်းလဲ ဖြစ်ပါတယ်။

မများလှတဲ့ 109,000 ကျန်နဲ့ Quad-core Processor, RAM 1GB ကို အသုံးပြုပေးထားပီးတော့ ခေတ်နဲ့ အညီ နောက်ဆုံးထွက် Android Version ကို ခံစားသုံးစွဲနိုင်ဖို့အတွက်

Cherry Mobile One Specifications
OS - Android™ 5.1 (Lollipop)
CPU - MT6582 1.3GHz Quad-Core Processor
Back Camera - 5MP
Front Camera - 2MP
Storage/RAM - 8GB ROM/1GB RAM
Expandables - Micro SD up to 64GB
Screen Size - 4.5" Capacitive Screen
SIM - Dual Micro SIM
Scratch Resistant
Wi-Fi b/g/n: Bluetooth 4.0
Cherry Mobile One ကို 25.6.2015 ညနေပိုင်းလောက် ကစပီး
‪#‎WinMobileWorld‬ မှာ 109,000 ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါပီ။
Win Mobile World
အမှတ် ၄၈၊ ရှမ်းကုန်းလမ်း၊ မြေနီကုန်း
01512689
0973222888
09794222888

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com