6/05/2015

♪ Firefox OS တွင် Android Apps များကို အသုံးပြုနိုင်မည် ♫

4

Mozilla က Ignite ဟု အမည်ရသော စွမ်းဆောင်ချက်အသစ်ကို Firefox OS တွင် ထည့်သွင်းတော့မည်ဟု သိရပါသည်။ CNET မှ ရရှိသော အီးမေး အရ Mozilla ၏ စီအီးအို Chris Beard သည် မိုဘိုင်းဈေးကွက်အတွက် နည်းဗျူဟာများကို ထင်ဟပ်ပြသထားပါသည်။

တန်ဖိုးနည်း ဟဒ်ဝဲများကို ရောင်းချခြင်းအစား Beard က Firefox OS ကို စွဲဆောင်မှုကောင်းရန် အလိုရှိနေ ပါသည်။ ” ကျွန်တော်တို့ဟာ လူတွေ ၀ယ်ယူချင်တဲ့ ဖုန်းတွေနဲ့ ကိရိယာတွေကို တီထွင်မှာ ပါ။ ဈေးနှုန်းလည်း သက်သာမှာပါ။ ကျွန်တော်တို့ရဲ့ ၂၅ ဒေါ်လာတန် ဖုန်းတွေကိုလည်း လူတွေ သိပ်ပြီး စိတ်မ၀င်စားပါဘူး။ ဒီစီမံကိန်းရဲ့ အစိတ်အပိုင်းအားလုံးကို ဆက်လက်ပြုလုပ်မှာ မဟုတ်ပါဘူး။ ” ဟု Beard က ပြောပါသည်။

Ignite စွမ်းဆောင်ချက်သည် Firefox OS တွင် Android Apps များသာမက ၀က်အခြေပြု Apps များကို အသုံးပြုနိုင်ရန် ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com