6/05/2015

♪ စားသောက်သော အာဟာရများကို တွက်ချက်ပေးမည့် စမတ်ပန်းကန်ပြား ♫

1

ဖီလာဒယ်လ်ဖီးယား အခြေစိုက် Fitly ကုမ္ပဏီက စားသောက်သော အာဟာရများကို တွက်ချက်ပေးမည့် စမတ်ပန်းကန်ပြားကို တီထွင်လိုက်ပါသည်။

စမတ်ပန်းကန်ပြားသည် ကယ်လိုရီ၊ ပရိုတိန်း၊ သကြားဓါတ်၊ အမျှင်ဓါတ် ၊ အဆီ စသည့် ပန်းကန်ပြားပေါ်တွင် ရှိသော အစားအစာတစ်ခုတွင် ပါဝင်သည့် အာဟာရများကို တွက်ချက်ပေးနိုင်ပါသည်။ စမတ်ပန်းကန်ပြားတွင် အစားအစာ၏ အလေးချိန်ကို တိုင်းတာနိုင်ရန် Load-Sensors များကို တပ်ဆင်ထားပြီး ရှုထောင့်အမျိုးမျိုးမှ ဓါတ်ပုံရိုက်ကူးနိုင်ရန် ကင်မရာများ ပါရှိပါသည်။ ပန်းကန်ပြားက ရိုက်ကူးထားသော အစားအစာ၏ ဓါတ်ပုံများကို Cloud သို့ ပေးပို့ပြီး Database တွင် ရှာဖွေပါသည်။ Database မှ အဆိုပါ အစားအစာတွင် ပါဝင်သည့် အာဟာရများကို ပြသပေးပါသည်။ အဆိုပါ ရလဒ်ကို စမတ်ဖုန်းရှိ App သို့ ပေးပို့ပေးမည် ဖြစ်သည်။

Fitly ၏ စီအီးအို Anthony Ortiz က စမတ်ပန်းကန်ပြားသည် အစားအစာ အားလုံးနီးပါးကို ၉၉ ရာခိုင်နှုန်း တိကျစွာ ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါသည်။ ရှုပ်ထွေးသော အစားအစာများကိုမူ ၇၀ မှ ၉၀ ရာခိုင်နှုန်း တိကျစွာ ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါသည်ဟု ပြောပါသည်။

ကာဘိုဟိုက်ဒရိုက် ကို ချင့်ချိန်၍ စားသုံးနေရသည့် ဆီးချိုရောဂါသည်များအတွက် စမတ်ပန်းကန်ပြားက အကျိုးရှိစေမည် ဖြစ်သည်။ ဆိုဒီယမ်ကို အတိုင်းအဆဖြင့် စားသောက်နေရသော နှလုံးရောဂါသည်များ အတွက်လည်း စမတ်ပန်းကန်ပြားက အသုံးဝင်ပါသည်။

Fitly ၏ iOS နှင့် Android Apps များသည် စမတ်ပန်းကန်ပြားကဲ့သို့ပင် အစားအစာများကို ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါသည်။ စားသောက်ဆိုင်သွားသည့်အခါ ပန်းကန်ပြားကို ယူဆောင်သွားရန် အဆင်မပြေသည့်အတွက် Apps များကို ပြုလုပ်ပေးထားခြင်း ဖြစ်ပါသည်။

Smart Plate ကို ထုတ်လုပ်ရောင်းချရန် Kickstarter ၀က်ဆိုက်မှနေ၍ ရန်ပုံငွေ ကောက်ခံလျှက်ရှိပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com