6/05/2015

♪ နေရောင်ခြည် စွမ်းအင်ကနေ iPhone 6 ကို အားဖြည့်ပေးမယ့် Case ♫


Sunny လို့ အမည်ပေးထားတဲ့ iPhone Case ဟာ နေရောင်ခြည် စွမ်းအင်ကနေ ဖုန်းကို အားဖြည့်ပေးနိုင်ပါတယ်။ နေရောင်ခြည် ရရှိတဲ့ နေရာမှာ iPhone ကို ထားရှိရင် စွမ်းအင် အလိုလို ဖြည့်ပေးနေမှာ ဖြစ်ပါတယ်။


Solar Case မှာ 2000mAh ဘက်ထရီ အပိုပါတဲ့အတွက် iPhone ရဲ့ မူလဘက်ထရီ သက်တမ်း ထက် နှစ်ဆ ပိုမို အသုံးခံမှာပါ။ Case မှာ နေရောင်ခြည်စွမ်းအင်ကနေ အားဖြည့်တင်းမှုအခြေအနေ ကို ပြသပေးထားပါတယ်။ Sunny မှာ Solar Panel နှစ်ခုကို အသုံးပြုထားတာကြောင့် အခြား Solar Case တွေထက် အားသွင်းရာမှာ လေးဆပိုမိုမြန်ဆန်တယ်လို့ ပြောပါတယ်။

Case ကို ခေါက်ချိုးလို့ရတာကြောင့် စားပွဲပေါ်မှာ ထောင်ထားပြီး ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်နိုင်ပါတယ်။ Sunny ကို ထုတ်လုပ်ရောင်းချဖို့ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ရန်ပုံငွေ ၇၅ ဒေါ်လာ ထည့်သွင်းထားသူများက ရောင်းချချိန်မှာ Sunny တစ်ခု ရရှိမှာပါ။ ရောင်းချချိန်မှ ၀ယ်ယူသူများ ကတော့ ၈၅ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com