2/12/2017

♪ YouTube Video များကို ဒေါင်းလုပ်လုပ်နည်းများ ♫


YouTube က သူ့ရဲ့ ၀က်ဆိုက်မှ ဗီဒီယိုများကို ကြည့်ရှုခွင့်သာ ပြုထားပြီး ဒေါင်းလုပ်လုပ်ခွင့် မပေးထားပါဘူး။ ဒါပေမယ့်လည်း YouTube Videos များကို Offline ကြည့်ရှုနိုင်အောင် ဒေါင်းလုပ်လုပ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ဒီ Tutorial မှာ Android , iOS , Mac နဲ့ Windows တို့မှာ YouTube Videos များကို ဒေါင်းလုပ်လုပ်နိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Android


Android မှာတော့ YouTube Video များကို ဒေါင်းလုပ်လုပ်ဖို့ အကောင်းဆုံးကတော့ TubeMate App ဖြစ်ပါတယ်။ သူ့ကို အသုံးပြုရတာ လွယ်ကူပါတယ်။ ဒါပေမယ့် Play Store မှာ သူ့ကို ရယူလို့ မရဘဲ သူ့ရဲ့ ၀က်ဆိုက်ကနေသာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ သူ့ကို အင်စတောလုပ်ဖို့အတွက် သင့်ဖုန်းရဲ့ Settings> Security ထဲမှာ Unknown Sources ကို အမှန်ခြစ်ပေးထားဖို့ လိုပါတယ်။

အင်စတောလုပ်ပြီးရင် TubeMate ကို ဖွင့်ပါ။ TubeMate ဟာ YouTube ကို ငုံပြီး ဖန်တီးထားတာ ဖြစ်တဲ့အတွက် သူ့ရဲ့ UI ဟာ YouTube နဲ့ တူညီပါတယ်။ ဒေါင်းလုပ်လုပ်ချင်တဲ့ ဗီဒီယိုကို တစ်ချက်နှိပ်ပါ။ အပေါ်ထိပ်မှ အစိမ်းရောင် Download Button ကို နှိပ်ရင် အဲဒီဗီဒီယိုကို ဒေါင်းလုပ်လုပ်ပေးမှာပါ။ နောက်အဆင့်မှာတော့ ဒေါင်းလုပ်လုပ်မယ့် ဗီဒီယိုရဲ့ Resolution ကို ရွေးချယ်ပေးရမှာပါ။ Resolution မြင့်မားလေလေ၊ ဖိုင်အရွယ်အစား ကြီးမားလေလေဆိုတာကို သတိပြုပါ။

iOS & Mac


iOS , iPad နဲ့ iPod မှာတော့ Documents5 App ကို အသုံးပြုမှာပါ။ သူဟာ ဖိုင်မန်နေဂျာ ဖြစ်ပြီး YouTube Videos များကိုလည်း ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။ YouTube App သို့မဟုတ် Safari ကနေ ဒေါင်းလုပ်လုပ်ချင်တဲ့ ဗီဒီယိုကို ရှာပြီး Share Icon ကို နှိပ်ပါ။ Copy Link ကို နှိပ်ပါ။ Documents5 ကို ဖွင့်ပါ။ သူ့ရဲ့ ၀က်ဘရောက်စာကို ဖွင့်ပါ။ savefrom.net ၀က်ဆိုက်ကို သွားပြီး လင့်ကို Paste လုပ်ပါ။ နှစ်သက်တဲ့ Resolution ကို ရွေးချယ်ပါ။ ပြီးတာနဲ့ အဲဒီ ဗီဒီယိုကို ဒေါင်းလုပ်လုပ်နိုင်ပါပြီ။
Mac မှာတော့ ဒေါင်းလုပ်လုပ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ MacX YouTube Downloader ကို သုံးတာပါ။ ဒေါင်းလုပ်လုပ်ချင်တဲ့ လင့်ကို App မှာ ထည့်ပေးပြီး Resolution ကို ရွေးပေးလိုက်ရုံပါပဲ။ ဗီဒီယိုများစွာကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Windows


Windows အတွက်လည်း YouTube Videos များကို ဒေါင်းလုပ်လုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံးတစ်ခုက Any Video Converter Free ဖြစ်ပါတယ်။ အခြားနည်းလမ်းများလိုပဲ ဒေါင်းလုပ်လုပ်ချင်တဲ့ YouTube Video လိပ်စာကို သူ့မှာ ထည့်ပေးရမှာ ဖြစ်ပြီး Resolution ကို ရွေးချယ်ပေးရမှာပါ။ အခြား ဆော့ဝဲတစ်ခုကတော့ aTube Catcher ဖြစ်ပြီး YouTube Videos များကို လျှင်မြန်စွာ ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။



Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com