2/12/2017

♪ အကောင်းဆုံး မိုဘိုင်းဂိမ်း ကို အွန်လိုင်း က တဆင့် Voting ပေးနိုင် ♫


ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ထွက်ရှိပြီးခဲ့တဲ့ မိုဘိုင်ဂိမ်းတွေထဲကနေ အကောင်းဆုံး မိုဘိုင်း ဂိမ်းတွေကို Voting ပေးပြီး အွန်လိုင်းကနေတဆင့် မဲပေးနိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာနဲ့အ၀ှမ်းမှာ သန်းချီပြီး ရှိနေတဲ့ မိုဘိုင်းဂိမ်းကစားကြသူတွေ နဲ့ မိုဘိုင်းဂိမ်း ပလက်ဖောင်း ကို အခုထက်ပိုပြီး တိုးတက် စည်ပင်လာအောင် ပြုလုပ်ပေးလိုတဲ့ ရည်ရွယ်ချက် နဲ့ International Mobile Gamins Awards (IMGA) ကို ဒေါ်လာ ဘီလီယံ ၄၀ ကျော် အကုန်ကျခံပြီး ဆုချီးမြှင့်ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု တစ်ခေါက်မှာတော့ ၁၃ ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မိုဘိုင်းဂိမ်း ဈေးကွက်ကို လေ့လာသုံးသပ်ကြတဲ့ နည်းပညာရှင်တွေနဲ့ အယ်ဒီတာတွေရဲ့ မှတ်ချက်အရ Dawn of Titans, Deus Ex GO, FIFA Mobile Football , Gear Club, Pokemon Go, Retro City Rampage DX , Rush Rally 2 … စတဲ့ ဂိမ်ေးတွ ဟာ အကောင်းဆုံး ရရှိဖို့ ရေပန်းစားလျက်ရှိပါတယ်။

ဆုရွေးချယ်အဖွဲ့ဟာ ပရိသတ်တွေရဲ့ ရွေးချယ်မှုကို အလေးအနက်ထား စဉ်းစားသွားမှာ ဖြစ်ပြီး Public Choice Award အပြင် Honorable Mention, Best Multiplayer Game, Best QuickPlay Game, Best VR Game, Best Upcoming Game စတဲ့ ဆုတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုရွေးချယ်မှု ကို အခု လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဆန်ဖရန်စစ္စကို မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com