2/08/2017

♪ “Xiaomi Mi Max” Price - 232,000 Ks ♫

Image may contain: phone

Mi Max ၏ ရှေ့ဘက်မျက်နှာပြင် ညာဘက်ခြမ်းတွင် အသံအတိုး/အကျယ် ပြုလုပ်နိုင်သော ခလုတ်နှင့် Power အဖွင့်/အပိတ်ပြုလုပ်နိုင်သော ခလုတ် တို့ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ရှေ့ဘယ်ဘက်ခြမ်းတွင်တော့ ဆင်းကတ် ထည့်သွင်းစရာလေးကို တွေ့ရမည်ဖြစ်ပြီး ဆင်းကတ်နှစ်ကတ်အသုံးပြု နိုင်ပါတယ်။ ဆင်းကတ် ၁ သည် Micro Sim ဖြစ်ပြီး ဆင်းကတ် ၂ ကို SD Card သော်လည်းကောင်း Nano Sim သော်လည်းကောင်း တပ်ဆင်အသုံးပြုနိုင် ပါတယ်။

 ရှေ့ဘက်ဘောင်ရဲ့ အောက်ဘက်တွင်တော့ Micro USB ပေါက်ကို တွေ့ရမည်ဖြစ်ပါတယ်။ Mi Max မှာ Mi5 ကဲ့သို့ပင် Full HD Display နှင့် ၆.၄၄ လက်မရှိ IPS Display တို့ကိုတပ်ဆင်ထားသည်ကိုတွေ့ရမည်ဖြစ်ပြီး အနောက်ဘက်ခြမ်းကိုတော့ 2.5D ကွေးညွတ်ထားသော မှန်ပြားနှင့် Aluminium unibody တို့ကို တပ်ဆင်ထားသည်ကိုတွေ့ရမည်ဖြစ်ပါတယ်။ Mi Max မှာတော့ Mi Note Pro မှာပါဝင်ခဲ့တဲ့ QHD (2K) Display ကို တပ်ဆင် ထားခြင်း မရှိပါဘူး။ နောက်ထပ်အချက်တစ်ခုကတော့ display ကောင်းဖို့ ထက် ဘက်ထရီကြာရှည်ခံစေဖို့ကို ရည်ရွယ်တယ်လို့လည်း ယူဆရပါတယ်။ Mi Note Pro ကို Mi 5 နှင့်တူတူယှဉ်ပြီး ရုပ်ရှင်ကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ ပြုလုပ်ကြည့်သည့်အခါတွင် သတိပြုမိသည့်အချက်ကတော့ ပိုမိုကြီးမားတဲ့ Display ဟာ မြင်ကွင်း ကျယ်ခံစားမှုရသကို ပိုရတာပါ။

Body Dimensions အရဆိုလျှင် 173.1 ×88.3× 7.5mm (6.81×3.48×0.30in) ရှိတဲ့အတွက် ဖုန်းတစ်ခုလုံးရဲ့ အထူဆုံးနေရာမှာ တောင် တစ်လက်မရဲ့ ၁၀ပုံ/ ၃ပုံသာ အထူရှိပါတယ်။အလေးချိန်က 203 g (7.16 0z) သာရှိသည့်အတွက် ပေါ့ပေါ့ပါးပါး လွယ်ကူစေမှာပါ။ ကင်မရာ အပိုင်းကို ပြောရမယ်ဆိုရင် Mi Max မှာတော့ Redmi Note 3 Pro မှာပါဝင်တဲ့ 16MP Camera ကို အသုံးပြုထားပြီး ပုံထွက်ကောင်းမွန်စွာ ရိုက်ကူးနိုင်မှာ ပဲဖြစ်ပါတယ်။ 16MP ကင်မရာမှာတော့ အရည်အသွေးမြင့် high definition sensor ကို တပ်ဆင်ထားပြီး၊ DSLR Camera တွေမှာ ပါဝင်တဲ့ PDAF လည်း ပါဝင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ Fingerprint Scanner ကို အသုံးပြု၍လည်း ရိုက်ကူးနိုင်စေမှာပါ။


Mi Max တွင် 4850 mAh Lithium-Ion Battery ပါဝင်လာမှုကတော့ အတော်လေးထူးခြား ကောင်းမွန်ပါတယ်။ Qualcomm ရဲ့ Quick Charging 3.0 နည်းပညာလည်း ပါဝင်လာတဲ့အတွက် အချိန် ၃၆ မိနစ်အတွင်း 80% ခန့်ပြန်လည် အားသွင်းယူ နိုင်မှာပဲဖြစ်ပါတယ်။ Mi Max မှာအသုံးပြုပေးထားတဲ့ Chip Set ကတော့ Snapdragon 650 ပါ။



<Specification>

Network - GSM/HSPA/LTE
Processor - Octa Core 1.9GHz
Screen - 6.44 inches
Camera - 16 MP
Bluetooth - v4.2
Storage - 32 GB
OS - Android OS, v6.0
Contact - 01-371924

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com