2/08/2017

♪ “Huawei မှ ချစ်သူများနေ့ အထူးပရိုမိုးရှင်းအစီအစဉ် ပြုလုပ်ပေးမည်” ♫

Image may contain: phone

Huawei မှယင်း၏ Customer များအတွက် ချစ်သူများနေ့ အထူးပရိုမိုးရှင်း အစီအစဉ် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ Huawei P9 နှင့် Huawei GR5 2017 ၀ယ်ယူသူများအတွက် ချစ်သူများနေ့အထူး လက်ဆောင် များပေးသွားမည်ဖြစ်သည်။ အဆိုပါအစီအစဉ်အရ Huawei P9 ၀ယ်ယူသူများ အတွက် P9 Photography Box, ကျောပိုးအိတ်နှင့် Power bank လက်ဆောင် ရရှိမည်။

Huawei GR5 2017 ၀ယ်ယူသူများအတွက် 32GB SD ကတ်တို့ကို ပေးအပ်သွားမည်ဖြစ်ကာ အထူးလက်ဆောင်အနေဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့ အတွင်း ဖုန်းဝယ်ယူပြီး invoice ကို Huawei Mobile (MM) Facebook Page Message Box သို့ ပေးပို့ရမည် ဖြစ်ကာ ပထမဦးဆုံးပေးပို့သူ ၅ ယောက်ကို Myanmar Idol Live Show Ticket 2 စောင်စီပေးအပ်သွားမည် ဟုဆိုသည်။

(Invoice ပို့သည့်အခါ မိမိ၏အမည်၊ ဖုန်းနံပါတ်နှင့်အတူ Invoice ဓာတ်ပုံ၊ ဖုန်းအခွံဓာတ်ပုံတို့ကို တစ်ခါတည်း ပူးတွဲပို့ပေးရန် လိုအပ်သည်။) ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် Myanmar Idol Top ၇ ဦးရဲ့ သီဆိုဖျော်ဖြေမှုကို မိမိ၏ချစ်သူနှင့်အတူ ကြည့်ရှု နိုင်မည်ဖြစ်ကာ နောက်ထပ်ပရိုမိုးရှင်း လက်ဆောင်အနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း နေ့စဉ်ဝယ်ယူသည့် ဦးဆုံး ၅ ဦးသည် Myanmar Idol Live Result Show လက်မှတ် ၂ စောင်စီ ရရှိမည်ဖြစ်သည်။

လက်မှတ်များကို ရွှေထွဋ်တင်ကွင်းသို့ ပွဲကြည့်သည့်နေ့ ညနေ ၇ နာရီခွဲ ထက်နောက်မကျဘဲ လာရောက် ထုတ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါနေ့တွင် အတူလာသည့် Couple များကိုအမှတ်တရ လက်ဆောင်များ ပေးအပ် သွားမည်ဟုဆိုသည်။ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက Huawei ၏ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုမည်ဖြစ်သည်။


လက်မှတ်ကံထူးသူ များကို ၁၄ ရက်နေ့တွင် အကြောင်းကြားကြေညာပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက //www. facebook.com/Huawei mobile MM/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com