2/08/2017

♪ “Zenfone 3 Max.Big battery.Mega pixels” ♫

Image may contain: 4 people, people smiling, text

စမတ်ဖုန်းလောကမှာ ဘက်ထရီပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် Gionee ရဲ့ Marathon Series တွေက နာမည်ကြီးပါတယ်။ Gionee ရဲ့စမတ်ဖုန်းတွေဟာ ဘက်ထရီသက်တမ်း တာရှည်ခံရုံသာမကဘဲ အခြားစမတ်ဖုန်းတစ်လုံးကိုပါ အားပြန်လည် ဝေမျှ ပေးနိုင်လို့ ဖြစ်ပါတယ်။ အခုတော့ ဒီလိုဘက်ထရီ သက်တမ်း တာရှည်ခံတဲ့စမတ်ဖုန်းတွေရဲ့လောကထဲကို ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီ ASUS ပါဝင်ရောက်လာခဲ့ပါပြီ။

ASUS အနေနဲ့ ၂၀၁၆ ခုမှာ ထွက်ရှိ ခဲ့တဲ့ Zenfone MAX မှာတည်းက ဘက်ထရီပိုင်း ဆိုင်ရာ အဆင့်မြှင့်တင်မှု တွေပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇နှစ်စပိုင်းမှာတော့ ASUS အနေနဲ့ မျိုးဆက်သစ် Max series ၂လုံးကို ရောင်းချဖို့ပြင်ဆင်လိုက်ပါပြီ။ Zenfone 3 Max ကို မော်ဒယ်နံပါတ် ၂မျိုး သတ်မှတ်ပေးထားပြီး ZC520TL နဲ့ ZC553KL တို့ပဲဖြစ် ပါတယ်။ စမတ်ဖုန်းကုမ္ပဏီအများဆုံး အလေးထားလာခဲ့တဲ့ဘက်ထရီပိုင်းနဲ့ ကင်မရာပိုင်းဆိုင်ရာမှာ ASUS အနေနဲ့ ဘယ်လောက် အထိ ဂရုစိုက်ထား တယ်ဆိုတာကို 3 MAX ရဲ့ဒီဇိုင်းပုံစံကို လေ့လာကြည့်လိုက်တာနဲ့ သိနိုင်ပါ လိမ့်မယ်။ ဒါကြောင့် မော်ဒယ် ၂ မျိုး ထဲကမှ အာရှ ဈေးကွက်အတွက် ရည်ရွယ်ထားတဲ့ Zenfone 3 Max(ZC553KL) အကြောင်းကို ဖော်ပြပေး လိုက်ပါတယ်။

ZenFone 3 Max (ZC553KL) ၏ကိုယ်ထည်ကို အလူမီနီယံ သတ္တုဖြင့်ပြုလုပ်ထားပြီး ၅.၅ လက်မ Full high- definition (FHD) IPS မျက်နှာပြင်ဖြင့် ဖုံးအုပ်ထားပေးပါသည်။ ကိုယ်ထည်နှင့် မျက်နှာပြင် အချိုး သည် ၇၃ ရာခိုင်နှုန်းရှိသည့်အတွက် ကျစ်လျစ် သော ဖုန်းအရွယ်အစားတွင် ကျယ်ပြန့်သောမျက်နှာပြင်ကို ခံစားသုံးစွဲနိုင်မှာပါ။ ဖုန်းကို စွမ်းအင် သိုလှောင်မှုမြင့်မားတဲ့ ဘက်ထရီ နှင့်ပြုလုပ်ထားသော်လည်း 8.3mm အထူ သာရှိကာ အလေးချိန်မှာလည်း 175 grams သာရှိပြီး စွမ်းအင်သိုလှောင်မှု 4000mAh အထက်ပါဝင်ပြီးကျစ်လျစ်၍ ပေါ့ပါးသောဖုန်းများထဲတွင်တစ်ခု အပါအ၀င်အဖြစ် သတ်မှတ်နိုင်ပါလိမ့်မယ်။

စွမ်းအင်သိုလှောင်မှု မြင့်မားသော ဘက်ထရီကလုံလောက်သော စွမ်းအင် ပါဝင်သည့်အတွက် အသုံးပြုသူများ အနေဖြင့် ထပ်မံ၍အားဖြည့်သွင်းစရာ မလိုဘဲ ပိုမိုရှည်ကြာသောသုံးစွဲချိန် ကိုရရှိစေမှာဖြစ်သည့်အပြင် အခြား ဖုန်းများကိုလည်း fast charging power bank တစ်ခု ကဲ့သို့ အထောက် အပံ့ပေးနိုင်ပါတယ်။ ZenUI Theme စတိုးမှ များလှစွာသော themes များကို ရယူပြီး အလှဆင်နိုင်ပါပြီ။ များလှစွာသော theme များမှနေ၍ သင့် စိတ်ကြိုက်(wallpapers/icons/lock screen)တစ်ခုချင်းစီကိုလည်း ပေါင်းစပ် ၍ဖန်တီး နိုင်ပါလိမ့်မယ်။ Qualcomm Snapdragon 430 64-bit octa-core processor တပ်ဆင်ထားသည့်အပြင် ပိုမိုလျင်မြန်သော တုံ့ပြန်မှုနှင့် ဂရပ်ဖစ် လိုအပ်ချက်များသည့် ဂိမ်းများအတွက်လည်း Adreno 505 graphics processor ကိုလည်း ထပ်မံပေါင်းစပ် တပ်ဆင်ပေးထားပါသေးတယ်။ Zenfone 3 Max မှာပါဝင်တဲ့လုပ်ဆောင်ချက်တွေကို လေ့လာကြည့်နိုင်ပါ လိမ့်မယ် . . . .

<Smart Power Saver Mode>

Zenfone 3 Max သည် ရွေးချယ်စရာ ၅ ခုရှိသော power modes နှင့် မိတ်ဆက် ပေးထားပါတယ်။

<Performance>

Sets the CPU ၏ အမြင့်မားဆုံးသော စွမ်းဆောင်ရည်နှင့်မျက်နှာပြင် အလင်းဆုံးအခြေအနေကိုရရှိနိုင်ပါသည်။ ဂိမ်းကစားရန် (သို့) online video ကြည့်ရှုရန် အသုံးပြုသည်။

<Normal>

CPU ၏စွမ်းဆောင်ရည်နှင့် screen brightness ကို ဘက်ထရီပါဝါနှင့် ထိန်းညှိပေးသည်။

<Power saving>

CPU ၏စွမ်းဆောင်ရည်နှင့် screen brightness ကို ဘက်ထရီပါဝါနှင့် အလိုအလျောက် ထိန်းညှိပေးသည်။ ထို့ကြောင့် ဖုန်း screen ပိတ်နေသည့် အခြေအနေတွင် Mobile data, Wi-Fi သည်လည်း ပိတ်ထားပေးမည်ဖြစ်ပြီး ဖုန်းပြန်လည်သုံးစွဲသော အခါတွင်မှ ပြန်လည်ချိတ်ဆက်ပေးမည်ဖြစ်ပါသည်။

<Super saving>

Power Saving mode နှင့်တူသည့်အပြင် ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် alarm ကိုသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါအခြေအနေဖြင့် ZenFone 3 Max ZC553KL ၏ standby time သည် ဘက်ထရီ ၁၀% တွင် နာရီ ၃၀ အထိရရှိနိုင် ပါသည်။

<Customized>

CPU စွမ်းဆောင်ရည်၊ အလင်းအမှိန်နှင့် network အခြေအနေတို့ကို သင့်စိတ်ကြိုက် ဖန်တီးနိုင်သည်။

<Reverse Charging>

The ZenFone 3 Max’s (ZC553KL) ၏သိုလှောင်စွမ်းရည် မြင့်မားသော ဘက်ထရီဖြင့် High speed power bank တစ်ခုကဲ့သို့ အခြားဖုန်းတစ်လုံးကို အားဖြည့်သွင်းပေးနိုင်ပါသည်။ အဆိုပါ OTG cable ကိုလည်း ဖုန်းနှင့်အတူ ထည့်သွင်းပေး ထားပါသည်။

<16+8MP PixelMaster ကင်မရာ>

ASUS ၏မူပိုင်နည်းပညာဖြစ်သော TriTech autofocus နည်းပညာသည် မည်သည့်အခြေအနေတွင်မဆို ပုံရိပ်များကို အကောင်းဆုံး၊ အကြည်လင်ဆုံး ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ Zenfone 3 Max ကဲ့သို့လျင်မြန်စွာဖြင့် ပုံရိပ် ဖမ်းယူနိုင်မှုကို အချို့ သော high-end phones များတွင်သာတွေ့နိုင်တယ်။ triple technology အလိုအလျောက် မြင်ကွင်းချိန်ဆမှုစနစ်ပေါင်းစပ်ထား မှုကြောင့် (၁)လေဆာနည်းပညာ ဒုတိယမျိုးဆက်သစ်နှင့်အတူ အလင်းရောင် ရရှိမှုအားနည်းသော ပတ်ဝန်းကျင်အနေအထား တွင်ပင် ၀.၀၃စက္ကန့်နှင့် လျင်လျင်မြန်မြန်ကောင်းမွန်စွာရိုက်ကူးနိုင်ခြင်း၊ (၂) Outdoor အခြေအနေ တွင် ရှင်းလင်းပြတ်သား သော ပုံရိပ်များရရှိနိုင်ခြင်း၊ (၃) မြင်ကွင်း များကို တောက်လျှောက်ရှာဖွေဖော်ထုတ်ခြင်း အပြင်ရွေ့လျားနေသော အရာဝတ္ထု များကိုပင် မြင်ကွင်းထိန်းသိမ်းထားနိုင်ပါတယ်။

<Tritech Auto Focus Technology>

♥-axis EIS ဖြင့် ဗီဒီယိုရိုက်ကူးခြင်း>

ZenFone 3 Max တွင်ပါဝင်သော Electronic Image Stabilization (EIS) စနစ်ကြောင့် ဗီဒီယိုများကိုလက်ဖြင့် ကိုင်တွယ်ရိုက်ကူးရာတွင်ပင်ပုံရိပ်များကို တည်တည်ငြိမ်ငြိမ် ဖြင့်ရိုက်ကူးနိုင်ပါသည်။ ထိုစနစ်သည်ပုံရိပ်များကို အလိုအလျောက် အားအကောင်းဆုံးဖြင့် ကြည်လင်ပြတ်သားတည်ငြိမ်စွာဖြင့် ရိုက်ကူးနိုင်ပါသည်။

<64MP Super Resolution Mode>

ZenFone 3 Max ၏ Super Resolution Mode ကိုအသုံးပြုပြီး 64 MP ဓာတ်ပုံများကို အထူးအရည်အသွေး ကောင်းမွန်စွာဖြင့် ဖန်တီးရိုက်ကူးနိုင် ပါသည်။ special image-processing နည်းပညာက 16MP ရှိ ပုံရိပ်များ ဖမ်းယူမှုနှင့် ပေါင်းစပ်မှုစသည့် အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ခြင်းကြောင့် ဓာတ်ပုံတစ်ပုံချင်းစီကို လေးဆပိုမိုကြည်လင်စေပြီးလျှင် အသေးစိတ် အကျနဆုံးနှင့် ဗီဒီယိုရိုက်ကူးရာတွင် ဆူညံသံများကို အနည်းဆုံးဖြစ် စေပါသည်။

<Low Light Mode>

အလင်းရောင်ရရှိမှု အနည်းဆုံးအခြေအနေတွင်ပင် ZenFone 3 Max ၏ Low Light Mode သည် Pixel ကို အနီးစပ်ဆုံး လေးဆအထိ ပေါင်းစပ်ပေးထား ပြီးလျှင် ထိုဆင်ဆာသည်ပင်လျှင်တစ်ပုံချင်းစီအတွက် အလင်းရောင်ရရှိမှု အကောင်းမွန်ဆုံး ဖြစ်စေပါသည်။ ထိုဆင်ဆာသည်ပင်လျှင် အလင်းရောင် ရရှိမှုကို အဆပေါင်း ၄၀၀အထိ တိုးမြှင့်စေနိုင်ပြီးလျှင် အလင်းရောင်ရရှိမှု အနည်းဆုံးအခြေအနေတွင်ပင် Shutter လျင်လျင်မြန်မြန်ဖြင့် ပုံရိပ်များ မှုန်ဝါးခြင်းဘေးမှ ကာကွယ်ပေးနိုင်ကာ Flash မီးဖွင့်ပြီး ရိုက်ကူးထား သကဲ့သို့သော အရည်အသွေးကို ရရှိစေနိုင်ပါသည်။

<Panorama Mode>

မြင်ကွင်းကျယ်သောရှုခင်းများရိုက်ကူးရန်အတွက် အကောင်းမွန်ဆုံးဖြစ်ကာ Panorama သည် အသုံးပြုသူကို ရိုက်ကူး ရာတွင်လည်း ပုံရိပ်များကို တစ်ဖက်မှတစ်ဖက်သို့ အလိုအလျောက်ခွဲခြားပေးနိုင်ပြီးလျှင် မြင်ကွင်း ကျယ်သော ဓာတ်ပုံများကို လည်း တစ်စုတစ်စည်းတည်းစုစည်းပေးပါ လိမ့်မည်။ ထို့အပြင် groupselfie များကိုလည်း Zenfone 3 Max ၏ Selfie Panorama mode ကိုအသုံးပြုပြီး ၁၄၀ဒီဂရီ အကျယ်ရှိသော Selfie ဓာတ်ပုံ များကိုလည်းရိုက်ကူး ရယူနိုင်ပါသည်။ ZenFone 3 Max ZC553KL သည် ချောမွတ်လှပသော aluminum alloy ဖြင့် ဖန်တီးတည်ဆောက်ထားပြီး matt-textured surface ကလည်း ကိုင်တွယ်အသုံးပြုရာတွင် သက်သောင့် သက်သာရှိစေပါသည်။ မျက်နှာပြင် ဖန်သား၏ အနားစွန်းများကို “2.5D” ရှိသောအနားစွန်းဘက်များဖြင့် ဖန်တီးထားသည့်အတွက် ချောမွေ့ပြေပြစ် သော လုံးချောသည့် ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။ “2.5D” အနားရေး စပ်ကြောင်းနှင့်အတူ ဆက်ကြောင်းမရှိသော စိန်ဖြတ် သတ္တုအကွေးစွန်း များကြောင့် ပိုမိုကြည့်ကောင်းသော ဒီဇိုင်းသာမကဘဲ ကိုင်တွယ်အသုံးပြု ရာတွင်လည်း သက်သောင့်သက်သာဖြစ်စေပါသည်။

<လက်ဗွေစနစ်ဆင်ဆာ>

လက်ဗွေဆင်ဆာစနစ်သည် လျင်မြန်စွာဖြင့်ဖွင့်နိုင်ပြီးအခြား App များ အတွက်ပါအသုံးပြုနိုင်ပါသည်။ လက်ဗွေရာ (၅)ခုအထိ စာရင်းသွင်း မှတ်တမ်းတင်နိုင်ပြီးဆင်ဆာပေါ်သို့ တင်လိုက်သည်နှင့် အလွယ်တကူရှာဖွေ ထောက်လှမ်းပေးပါလိမ့် မည်။ လက်ဗွေရာစနစ်ဆင်ဆာကိုချောမွတ်အောင် ဖုံးအုပ်ပေးထားသည့်အပြင် ဖုန်၊ အညစ်အကြေးဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါသည်။

. ၀.၃ စက္ကန့်သာကြာချိန်
. လက်ချောင်း ၅ခု အထိမှတ်သားနိုင်ခြင်း
. ၃၆၀ ဒီဂရီအလုပ်လုပ်နိုင်ခြင်း



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com