2/15/2017

♪ Samsung Galaxy Tab S3 ရဲ့ ဓါတ်ပုံ ပုံရိပ်များထွက်ပေါ် ♫


MobileWorldCongress (MWC 2017) ကျင်းပဖို့ ရက်သတ္တပတ် ၂ ပတ် သာ လိုတော့တဲ့ အချိန်မှာ Samsung Galaxy tab s3 ရဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပြီး လွန်ခဲ့တဲ့ ၄ လ ကတည်းက ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း အတွင်း ဖွဲ့စည်းပုံ Specs တွေ ပါဝင်ခဲ့ပေမယ့် ဒီနှစ်ထဲမှာ ရောင်းချဖို့ကလည်း မသေချာခဲ့ဘူး လို့ အဆိုတွေ ရှိပါတယ်။

ပေါ်ထွက်လာခဲ့တဲ့ ပုံရိပ်တွေအရ Galaxy Tab S3 ဟာ ၉.၇ လက်မ ရှိပြီး Super AMOLED paenel ကို သုံးစွဲပါမယ်။ 2048 x 1536p screen resolution၊ Qualcomm Snapdragon 820, 4GB RAM, အရှေ့ဘက် ကင်မရာ 5MP နဲ့ အနောက်ဘက် 12MP ကင်မရာတွေ ပါဝင်မယ် လို့ သိရပါတယ်။ သိုလှောင်စွမ်းအား ကို 32 GB ထည့်သွင်းပေးထားပြီး ရုတ်တရက် ကြည့်ရင် iPad Pro နဲ့လည်း ဆင်တူနေတာ ကို တွေ့ရပါတယ်။

အကြမ်းဖျင်း ခန့်မှန်းဈေး ဒေါ်လာ ၆၀၀ ၀န်းကျင် နဲ့ ဈေးကွက်ဖွင့်လာဖွယ်ရာ ရှိနေတဲ့ Galaxy Tab s3 ကို LTE  ချိတ်ဆက်မှု ၊ bluetooth 4.2 တွေလည်း ပုံမှန် ပါဝင်နေကြအတိုင်း ပါဝင်မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၄ လ အတွင်းကတည်းက ထွက်ပေါ်နေခဲ့တဲ့ Tab S3 ရဲ့ ပုံရိပ်တွေအရှS-Pen ပါရှိပြီး Front-Facing Fingerprint ကို ထည့်သွင်းပေးသွားနိုင်ဖွယ်ရာ ရှိနေတယ် လို့ ဆိုပါတယ်။

(ဖော်ပြပါ ပုံဟာ Tab S2 နဲ့ ထွက်လာနိုင်တဲ့ Tab S3 ကို နှိုင်းယှဉ်ဖော်ပြပေးထားတာပါ)



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com