2/06/2017

♪ Samsung Galaxy Note 7 လိုမျိုး သုံးသင့်တဲ့ အကောင်းဆုံး စမတ်ဖုန်းများ ♫


Samsung ကတော့ ဘက်ထရီ မီးလောင်မှု ပြဿနာများကြောင့် Note 7 ဖုန်းများကို ပြန်လည် သိမ်းယူသွားခဲ့ပါပြီ။ ကမ္ဘာအ၀န်းမှ Note Series ချစ်သူများအတွက်လည်း ၀မ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Note 7 လို အရွယ်ကြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများစွာကို အခြား ကုမ္ပဏီများက ထုတ်လုပ်ပေးထားပါတယ်။ အဲဒီအထဲက အကောင်းဆုံး စမတ်ဖုန်းများကို ဖော်ပြလိုက်ပါတယ်။

Huawei Mate 9


Mate 9 ဟာ Huawei ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် အရွယ်ကြီး စမတ်ဖုန်းပါ။ Note 7 ကို ယှဉ်နိုင်တဲ့ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းမှာလည်း ထူးချွန်ပြောင်မြောက်ပါတယ်။ သူ့ရဲ့ EMUI 5.0 OS ကလည်း iOS နဲ့ ဆင်တူနေတာက ထူးခြားတဲ့ အရသာကို ခံစားရမှာပါ။ အရွယ်ကြီး မျက်နှာပြင်အပိုင်းမှာ Note 7 ကို ရင်ဘောင်တန်းနိုင်ပါတယ်။ Huawei ကိုယ်တိုင်ဖန်တီးထားတဲ့ စွမ်းရည်မြင့် Chipset ထည့်သွင်းထားပါတယ်။ P9 လိုပဲ Mate 9 ရဲ့ ကင်မရာကို Leica က ဖန်တီးပေးထားပါတယ်။ Mate 9 မှာတော့ ဒုတိယမျိုးဆက် Leica Dual Camera များဖြစ်တဲ့ 12MP RGB Sensor နဲ့ 20MP Monochrome Sensor ၂ လုံး တပ်ဆင်ထားပါတယ်။ Mate 9 မှာ Huawei ရဲ့ ကိုယ်ပိုင် Machine Learning Algorithm ထည့်ထားတဲ့ အတွက် စွမ်းဆောင်ရည်က အသုံးပြုချိန်ကြာလာတာနဲ့အမျှ ပိုမိုကောင်းမွန်လာမှာပါ။

iPhone 7 Plus


Android ကို မနှစ်သက်တော့ရင်တော့ iPhone 7 Plus ကို ရွေးချယ်ပါ။ Note 7 ထက် အနည်းငယ် ကြီးမားပြီး အလူမီနီယမ် ကိုယ်ထည်၊ ရိုးရှင်းတဲ့ စတိုင်တို့က တန်ဖိုးကြီး ဖုန်း ဒီဇိုင်း ဖြစ်ပါတယ်။ Black နဲ့ Jet Black အရောင်သစ်များကိုတောင် ထုတ်လုပ်ပေးထားပါတယ်။ Note 7 ရဲ့ QHD လောက် မကောင်းပေမယ့် ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP Camera ၂ လုံး တပ်ဆင်ထားပါတယ်။ 2x Optical Zoom စွမ်းရည်က အရည်အသွေး မကျစေဘဲ ဓါတ်ပုံများကို Zoom ဆွဲရိုက်နိုင်ပါတယ်။ Note 7 လိုပဲ ရေစိုခံနိုင်ပြီး ရေအနက် ၁ မီတာမှာ နာရီဝက် ထားနိုင်ပါတယ်။

Google Pixel XL


Pure Android အရသာကို ခံစားရမယ့် ဖုန်းပါ။ Note 7 ကို အစားထိုးဖို့ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် အသစ် ထည့်သွင်းထားပါတယ်။ အချို့အပိုင်းများမှာ သူဟာ Siri ထက်တောင် အစွမ်းထက်ပါတယ်။ Snapdragon 821 Processor , 4GB RAM ကို ဖန်နဲ့ သတ္တု ပေါင်းစပ်ထားတဲ့ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားပါတယ်။ ကင်မရာကတော့ အကောင်းဆုံးလို့ ကျွမ်းကျင်သူများက ညွှန်းဆိုကြပါတယ်။ ၅.၅ လက်မ 2K AMOLED Display ကလည်း အလွန် ကောင်းမွန်ပါတယ်။ မျက်နှာပြင်ကို အကြမ်းခံအောင် Gorilla Glass 4 ဖြင့် ကာကွယ်ထားပါတယ်။

Sony Xperia Z5 Premium


စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ပြိုင်ပွဲမှာတော့ Sony Xperia Z5 Premium ဟာ 4K Screen တပ်ဆင်ထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ ၅.၅ လက်မ 3840×2160 Pixel Display ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၈၀၆ ဖြစ်ပါတယ်။ IP68 စံနှုန်း ရှိတဲ့အတွက် ဖုန်မ၀င်အောင် ကာကွယ်နိုင်ပါတယ်။ ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ ယူဆောင် အသုံးပြုလို့ ရပါတယ်။ Sony က ကင်မရာအပိုင်းကို ဆန်းသစ်ထားပြီး 23MP Sensor တပ်ဆင်ပေးထားပါတယ်။ ဓါတ်ပုံ အရည်အသွေးက အံ့မခန်း ဖြစ်ပြီး သူ့ရဲ့ 4K Display မှာ ကြည့်တဲ့အခါမှာတော့ တစ်ခါမှ မမြင်ဖူးတဲ့ အရည်အသွေးကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီဇိုင်းကတော့ တန်ဖိုးကြီး စမတ်ဖုန်းပုံ သိပ်မပေါ်ပါဘူး။ ဘက်ထရီ သက်တမ်းကလည်း ဒီထက် ပိုကောင်းသင့်ပါတယ်။

Motorola Moto Z


 
Note 7 ကို အစားထိုးနိုင်တဲ့ Modular Design Smartphone ဖြစ်ပါတယ်။ ၅.၁၉ မီလီမီတာသာ အထူရှိပြီး ကမ္ဘာ့ အပါးလွှာဆုံးဖုန်းလို့တောင် ပြောနိုင်ပါတယ်။ ပါးလွှာပေမယ့် အခြား စွမ်းဆောင်ရည်မြင့် ဖုန်းများကို ယှဉ်နိုင်တာက ထူးခြားပါတယ်။ Note 7 ရဲ့ Display ကို ယှဉ်နိုင်တဲ့ Quad HD AMOLED Display တပ်ဆင်ထားပါတယ်။ iPhone 7 Plus မှာလို Moto Z မှာ 3.5mm Headphond Jack ကို ဖယ်ရှားထားပြီး အဲဒီအစား USB Type-C Port ကို သုံးရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်မှာ MotoMods လို့ ခေါ်တဲ့ Accessories များဖြစ်ပါတယ်။ Mini Insta-Share Projector, SoundBoost Speaker , Battery အပို တို့လို Accessories များစွာကို ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Note 7 အစားထိုး သုံးချင်ရင်တော့ အကောင်းဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com