2/06/2017

♪ ကွန်ပျူတာပေါ်ကနေ Instagram ပေါ် ဓာတ်ပုံ ဘယ်လိုတင်မလဲ ♫


Instagram ဟာ ဓာတ်ပုံတွေကို ကွန်ပျူတာကနေ upload လုပ်ဖို့အတွက် ဦးစားပေး စီစဉ်ထားခြင်း မရှိပါဘူး။ ကွန်ပျူတာထဲက ဓာတ်ပုံတွေကို Instagram ပေါ်တင်ချင်တဲ့ အခါမှာ မိုဘိုင်းဘက်ကနေ ပြောင်းပြီး တင်မယ်ဆိုရင်လည်း အနည်းငယ် အလုပ်ရှုပ်နိုင်ပါတယ်။

ဓာတ်ပုံတစ်ပုံကို ကွန်ပျူတာကနေ Instagram ပေါ်မှာတင်ပြီး သူငယ်ချင်းတွေဆီဝေမျှချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

ဒီလိုပြုလုပ်ဖို့အတွက် Gramblr ဆိုတဲ့ third-party ဆော့ဖ်ဝဲ လိုအပ်ပါမယ်။ Gramblr ကို ဒီနေရာကနေ download လုပ်ယူနိုင်ပါတယ်။

ဒီဝက်ဘ်ဆိုက်မှာ Windows အတွက်ရော Mac အတွက်ပါ တင်ပေးထားတဲ့အတွက် သက်ဆိုင်ရာဖိုင်ကို ရွေးချယ်ပြီး download လုပ်နိုင်ပါတယ်။

Download ပြုလုပ်ပြီးရင် zip ဖိုင်ကို extract လုပ်ပြီး run လိုက်ပါ။

ပြီးရင် Instagram account ကို အဲ့ဒီဆော့ဖ်ဝဲမှာ ထည့်သွင်းပါ။

ပြီးသွားရင် upload Now ဆိုတာကို နှိပ်ပြီး ကွန်ပျူတာကဓာတ်ပုံကို ရွေးချယ်ပါ။

ဓာတ်ပုံကို upload လုပ်ပြီးရင် Instagram မှာလို Filter တွေ ထည့်ချင်သေးတယ်ဆိုရင်လည်း နှစ်သက်ရာ filter ကို ရွေးချယ်ထည့်သွင်းနိုင်ပါတယ်။

ဒီဆော့ဖ်ဝဲ မှာ caption တွေနဲ့ hashtag တွေကို ထည့်သွင်းနိုင်သလို schedule နဲ့လည်း တင်နိုင်ပါတယ်။



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com