2/07/2017

♪ “Facebook က သူငယ်ချင်းများကိုလွယ်ကူစွာရှာဖွေနိုင်အောင် ပြုလုပ်ပေး” ♫

Image may contain: 1 person

Facebook က သူငယ်ချင်းများကိုလွယ်ကူစွာရှာဖွေနိုင်တဲ့ Discover People စွမ်းဆောင်ချက်ကို Mobile Apps များမှာထည့်သွင်းပေးနေပါတယ်။ Android နဲ့ iOS တို့အတွက် ဖြန့်ချိပေးနေတာ ဖြစ်ပြီး ၀ါသနာတူ သူငယ်ချင်းများကို Facebook က အကြံပြုပြသပေးမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် သင် စိတ်ဝင်စားတဲ့ Event ကို စိတ်ဝင်စားတဲ့ လူများ၊ သင်နေထိုင်တဲ့ မြို့မှ လူများ၊ သင်ရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်များစတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သင် အဖွဲ့ဝင်ထားတဲ့ group များမှ လူများကိုလည်းအကြံပြု ပြသပေးမှာ ဖြစ်ပါ တယ်။

Discover People မှာသင်နဲ့ Friends ဖြစ်ပြီးသားလူများကို ပြသပေးမှာ မဟုတ်ပါဘူး။ Mobile App ရဲ့ Menu အောက်မှာ Discover People ကဏ္ဍ အသစ်ပါရှိလာမှာ ဖြစ်ပြီးအဲဒီကဏ္ဍထဲကို ၀င်ကြည့်ရင် အကြံပြုပြသထားတဲ့ လူများကိုအလျားလိုက်စီတန်း ပြသပေးထားမှာပါ။ လက်နဲ့ ပွတ်ဆွဲ၍ ကြည့်ရှု ရမှာဖြစ်ပါတယ်။


ယခုစွမ်းဆောင်ချက်ဟာဒတ်စတော့ အတွက် ပြုလုပ်ပေး ထားတဲ့ “ People you may know” စွမ်းဆောင်ချက်ကိုမိုဘိုင်းအတွက် ကိုက်ညီအောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဆင့်မြှင့် ပေးထားတာ ဖြစ်ပါတယ်။ Facebook က ယခုစွမ်းဆောင်ချက်ကို ကမ္ဘာအ၀န်းသို့ တဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတဲ့အတွက် သင့်ထံမှာ မရရှိသေးရင် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com