2/07/2017

♪ “Samsung Galaxy C9 Pro” ♫

Image may contain: phone

Samsung Galaxy C9 Pro ဟာ ကုမ္ပဏီရဲ့ RAM 6GB ထည့်သွင်းထုတ်လုပ် ထားတဲ့ ပထမဆုံးအဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ပါးလွှာတဲ့ ကိုယ်ထည် ဒီဇိုင်းပုံစံရှိပြီး အမည်းရောင်နဲ့ရွှေရောင်အရောင်နှစ် မျိုးကိုသာ ထုတ်လုပ်ပေးထားပါတယ်။

GSM, HSPA တွေကို ထောက်ပံ့ထားပြီး Nano SIM Card 2 Card ကို တစ်ပြိုင်နက်တည်း ထည့် သုံးနိုင်တဲ့ Dual SIM စနစ်ပါရှိပါတယ်။ မျက်နှာပြင်အကျယ်က 6” တောင် ရှိတဲ့အတွက် phablet ဖုန်းတစ်လုံးလိုအသုံးပြုနိုင် ပါတယ်။ ၎င်းကျယ်ပြန့်တဲ့ မြင်ကွင်းက full HD မြင်ကွင်းတွေကိုပြသပေးနိုင်ပြီး အရှေ့ဘက် Home button မှာ အလွန် ကောင်းမွန်တဲ့ Home button ကိုပါထည့်သွင်းပေးထားပြီး multi-touch စနစ်ကို သုံးစွဲနိုင်ပါတယ်။

ဒါ့အပြင် မျက်နှာပြင်ကို Corning Gorilla Glass နဲ့ ဖုံးအုပ်ပေးထားတာကြောင့် မတော်တဆပြုတ်ကျမှု ဒဏ်တွေကို ခံနိုင်ရည် ရှိပါတယ်။ အနောက်ကင်မရာနဲ့ အရှေ့ကင်မရာက တူညီတဲ့ f/1.9 aperture ကို တပ်ဆင်ထားပြီး resolution 16MP ပေးစွမ်းနိုင်ပါတယ်။ Internal 64GB ပါရှိတဲ့ အပြင် Micro SD Card ကိုလည်း 256GB အထိ ထပ်စိုက်သုံးနိုင်တာ ကြောင့် Data သိမ်းဆည်းနိုင်စွမ်းအလွန်မြင့်မားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

စက်လုပ်ဆောင်နိုင်စွမ်းအနေနဲ့လည်း Octa-core (4x1.95GHz Cortex-A72 & 4x1.4GHz Cortex-A53) နဲ့ Qualcomm MSM8976 Snapdragon 653 chipset ကို အသုံးပြုထားပြီး Adreno 510GPU ကို ထည့်သွင်းထားပါတယ်။ ဘက်ထရီစွမ်းအားကလည်း Non-removable 4000 mAh battery တောင် ပါရှိမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com