2/15/2017

♪ " Samsung Galaxy A7 (2017) " Price » 625,000 Ks ♫

Image may contain: phone

Samsung Galaxy A series တွေထဲကမှ Samsung Galaxy A7 (2017) ကို အခုလက်ရှိမှာ နောက်ဆုံးထုတ်လုပ်ပေးထားပါတယ်။ အရင်ထုတ်လုပ်ထားတဲ့ Galaxy A3, A5 တွေနဲ့ ထည့်သွင်းပေးထားတဲ့ specs တွေ တော်တော် များများမှာ တူညီပေမယ့် မျက်နှာပြင်မြင်ကွင်းစွမ်းအားနဲ့ chipset အရည် အသွေးတွေကိုတော့ အဆင့်မြှင့်တင်ပေးထားတာကို တွေ့ရပါတယ်။ Galaxy S5 လိုနောက်ကျောဘက်ကို ပလတ်စတစ်နဲ့ မပြုလုပ်ထားဘဲ ကိုယ်ထည် တစ်ခုလုံးကို သတ္တုနဲ့ တည်ဆောက်ပေးထားတာကြောင့် အကြမ်းလည်း ခံပါတယ်။

Samsung ရဲ့ ဒီဇိုင်းပုံစံ အလှပဆုံးဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်ပြီး ပါးလွှာတဲ့ကိုယ်ထည်ကြောင့် ကိုင်တွယ်သုံးစွဲရတာ အဆင်ပြေပါတယ်။ ခန့်ညားထည်ဝါတဲ့ ကိုယ်ထည်နဲ့ သုံးစွဲက Galaxy S6 စမတ်ဖုန်း ကိုင်ထား ရသလို ခံစားရပါတယ်။ ဖုန်းအရွယ်အစားက 156.8 x 77.6 x 7.9 mm ရှိပြီး Black Sky, Gold Sand, Blue Mist နဲ့ Peach Cloud ဆိုတဲ့ သဘာဝကျကျ လှပ နေတဲ့ အရောင် ၄ မျိုးကို ရွေးချယ်နိုင်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို သုံးစွဲနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version ၂ မျိုးကို ခွဲခြား ထုတ်လုပ်ပေးထားပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစား ကတော့ Nano SIM ပါ။


၎င်းဟာ IP68 certified ရရှိထားတာကြောင့် ရေအနက် ၁ မီတာခွဲမှာ မိနစ် ၃ဝ ကြာမျှ ဖုန်းအသုံးပြုနိုင်ပြီး ဖုန်ဒဏ်တွေကိုလည်း အပြည့်အဝ ကာကွယ်ပေးထားနိုင်ပါတယ်။ 5.7-inch ရှိတဲ့မျက်နှာပြင်ကို အရင်ထုတ်လုပ် ခဲ့တဲ့ A Series တွေမှာသုံးထားတဲ့ မျက်နှာပြင်အမျိုးအစားတွေထက် ပိုမို ကောင်းမွန်တဲ့ Super AMOLED capacitive touch screen ကို အသုံးပြုထားတဲ့ အတွက် ကြည်လင်ပြတ်သားတဲ့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါ တယ်။ ဒါ့အပြင် မျက်နှာပြင်ကို အကြမ်းခံနိုင်ပြီး ပြုတ်ကျမှုကြောင့် အလွယ် တကူ ကွဲအက်တာတွေနဲ့ အခြစ်ရာ၊ အစင်းရာတွေကို မဖြစ်စေနိုင်ဖို့ Corning Gorilla Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။


မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး Always On Display ကြောင့် ဖုန်းကို wake up လုပ်စရာမလိုဘဲ အချိန်တွေနဲ့နေ့ရက်တွေကို လိုအပ်တဲ့အချိန်တိုင်းမှာ ကြည့်လို့ရအောင် အမြဲပြသပေးနိုင်ပါတယ်။ အရှေ့ ဘက်မျက်နှာပြင် အောက်ခြေ home button မှာ အဆင့်မြင့် fingerprint sensor ကို ထည့်သွင်းပေးထားပါတယ်။ Samsung Pay စနစ်ပါရှိပြီး Secure Folder စနစ်က သူများတွေကို မတွေ့စေချင်တဲ့ apps တွေနဲ့ လျှို့ဝှက် data တွေ ကို လုံခြုံစွာ ပိတ်ကာထားပေးနိုင်ပါတယ်။ Samsung Cloud accounts တွေရဲ့ ထုံးစံအတိုင်း 15GB လောက်ကို cloud ထဲမှာ သိမ်းဆည်းထားနိုင်ပြီး ဘယ် အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် လိုအပ်တဲ့အချိန်တိုင်း Galaxy Devices တွေ အချင်းချင်း data တွေ အသစ်ပေါင်းထည့်တာတွေနဲ့ လွှဲပြောင်းယူတာတွေ ကို ပြုလုပ်နိုင်ပါတယ်။


ထောက်ပံ့ပေးထားတဲ့ USB Type-C cable က ၂ ဖက်လုံး အသုံးပြုနိုင် တဲ့ plug orientation စနစ် ပါရှိတဲ့အတွက် ပလပ်ခေါင်းကို အပေါ်အောက် ပြောင်းပြန်ထိုးမိတာတွေ မဖြစ်တော့ဘဲ ကြိုက်တဲ့ဘက်ကို အလွယ်တကူ ထိုးသွင်းသုံးစွဲနိုင်ပါတယ်။ အနောက်ကင်မရာရော အရှေ့ကင်မရာမှာပါ 16MP နဲ့ f/1.9 aperture တွေ ပါရှိပြီး ကြည်လင် ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် touch to focus, face detection နဲ့ geo tagging features တွေ ပါရှိပြီး အလင်းရောင် အားနည်းတဲ့နေရာတွေမှာ တောင် ထင်ရှားပြတ်သားတဲ့ဓာတ်ပုံတွေကို ရိုက်ယူနိုင်သလို blur-free images တွေကိုလည်း ရရှိနိုင်စေမှာပါ။


အတွင်းထဲမှာ ထောက်ပံ့ပေးထားတဲ့ processor, chipset နဲ့ GPU တွေက အလွန်အဆင့်မြင့်မားတာကြောင့် စက်စွမ်းဆောင်ရည်ပိုင်းက ပြောစရာ မလိုလောက်အောင် ကောင်းမွန်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာလည်း ထည့်သွင်းပေးထားတဲ့ specs တွေနဲ့ features တွေကို လုံလုံလောက်လောက် သုံးစွဲနိုင်တဲ့ပမာဏကို ထောက်ပံ့ပေးထားတဲ့အတွက် ဘယ်နေရာမှ အား နည်းချက်မရှိတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

* Battery Life *

Galaxy A7 (2017) ထဲမှာ Non-removable Li-ion 3600mAh battery ကို ထောက်ပံ့ထားတာကြောင့် တစ်ခါ အားအပြည့် သွင်းထားရင် နာရီပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အားပြန်သွားရတာလည်း လျင်မြန်မှုရှိပါတယ်။

* Design *

Samsung Galaxy A7 (2017) ရဲ့ ဒီဇိုင်းပုံစံက လှပသေသပ်မှုရှိတဲ့အပြင် ပါးလွှာကျစ်လျစ်မှုလည်း ရှိတာကြောင့် အမြင်မှာရော၊ တကယ့်လက် တွေ့ကျကျ အသုံးပြုတဲ့အခါမှာပါ အလွန်အဆင်ပြေပါတယ်။ ဒီဇိုင်းပုံစံကို ပိုမိုပေါ်လွင်စေမယ့် လှပသစ်လွင်တဲ့ အရောင် ၄ မျိုးကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

* Processor *

ကိုယ်ထည်အတွင်းထဲမှာ RAM 3GB ပါရှိတဲ့ Octa-core 1.9GHz Cortex- A53 Processor, Exynos 7880 Octa Chipset နဲ့ Mali-T830MP3 GPU ကို အသုံးပြုထားပါတယ်။ ဒါကြောင့် multitaskings တွေကို အဆင်ပြေပြေ ပြုလုပ်နိုင်ပြီး နောက်ဆုံးပေါ် ဂိမ်းကြီးတွေနဲ့ apps တွေ အကုန်လုံးကို အသုံးပြုနိုင်ပါတယ်။

* Display and Camera *

မျက်နှာပြင်က 5.7-inch အကျယ်ရှိပြီး Super AMOLED capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပါတယ်။ ၄င်းက 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ 16MP စီရှိတဲ့ အနောက်ကင်မရာနဲ့ အရှေ့ကင်မရာတို့က အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

* Verdict *

Samsung Galaxy A7 (2017) ဟာ Samsung ကုမ္ပဏီက ထုတ်လုပ်တဲ့ ရေစိုခံနိုင်ပြီး ဒီဇိုင်းလှပတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါရှိပါတယ်။ ဒါ့အပြင် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တန်းဝင်ဖုန်းတစ်လုံးအဖြစ် ၄င်းရဲ့နောက်ဆုံးပေါ် features တွေနဲ့ အဆင့်မြင့် specs တွေကလည်း ပံ့ပိုးပေးနေပါသေးတယ်။




Price » 625,000 Ks
Contact Phone » 09-254839225 ( Technoland )



Specification

» Network : GSM/HSPA/LTE (Nano-SIM)
» Display : 5.7", Super AMOLED capacitive touchscreen
» Dimensions : 156.8 x 77.6 x 7.9 mm
» Memory : 32GB, 3GB RAM, microSD, up to 256GB
» Camera : 16MP, Front : 16MP, autofocus, LED flash, HDR Geo-tagging, touch focus, face detection, panorama
» Connectivity : GPS, WLAN, Bluetooth 4.2, Type-C 1.0
» OS : Android OS, v6.0.1 (Marshmallow)
» Chipset : Exynos 7880 Octa, GPU : Mali-T830MP2 CPU : Octa-core 1.9GHz Cortex-A53
» Protection : Corning Gorilla Glass, Always-on Display
» Feature : Samsung Pay, IP68 certified
(dust proof and water resistant over 1.5 meter and 30 minutes)



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com