2/15/2017

♪ " Samsung Galaxy A5 (2017) " Price : 525,000/- ♫

Image may contain: phone

Samsung Galaxy A5 (2017) ကို အလယ်အလတ်တန်းစားဖုန်းတွေထဲမှာမှ ထိပ်ဆုံးကနေရာယူထားတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ ၎င်းရဲ့ဒီဇိုင်းပုံစံကအစ ထည့်သွင်းပေး ထားတဲ့ featuresတွေနဲ့ specsတွေအဆုံး အားလုံးဟာ အဆင့်မြင့် ဖုန်းတစ်လုံးကို ပေါ်လွင်စေပါတယ်။ ဒါ့အပြင် အလယ်အလတ် တန်းစားဖုန်းတွေမှာတွေ့ရခဲတဲ့ IP68 certification ကို ရရှိထားပြီး ရေအောက် ၁ မီတာခွဲအနက်မှာ မိနစ် ၃၀ ကြာမျှ အသုံးပြုနိုင်တဲ့ အပြင် ဖုန်ဒဏ်တွေကိုလည်း ကောင်းကောင်းခံနိုင်ရည်ရှိ ပါတယ်။

GSM, HSPAနဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Nano SIM cardကို ထည့်သုံးနိုင်မယ့် Single SIM နဲ့ Dual SIMဆိုတဲ့ version ၂ မျိုးကို ခွဲခြားထုတ်လုပ်ပေးထား ပါတယ်။ Non-removable Li-Ion 3000mAh battery စွမ်းအားက တစ်နေ့တာလုံးအတွက် လုံလောက်တဲ့စွမ်းအင်တွေကို အပြည့်အ၀ပေးစွမ်းနိုင်ပြီး fast battery charging စနစ်လည်း ပါရှိတဲ့အတွက် ဖုန်းအားသွင်းရတာလည်း လျင်မြန်မှုရှိပါတယ်။ အသုံးပြုနိုင်တဲ့ bluetoothစနစ်တွေကတော့ v4.2, A2DP, EDR, LE တို့ပဲဖြစ်ပါတယ်။

* Design & Build *

၎င်းရဲ့ဒီဇိုင်းပုံစံက Samsung Galzxy S7 နဲ့ တော်တော်လေးဆင်တူပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားတဲ့အပြင် အပေါ်ကနေ 3D glassနဲ့လည်း ဖုံးအုပ်ပေးထားပါသေးတယ်။ အရှေ့ဘက်မျက်နှာပြင်ရဲ့ bezel အနေအထားကတော့ Galaxy S7 နဲ့ မတူညီပါဘူး။ ထောင့်စွန်းလေးတွေက အနည်းငယ်ဝိုင်းပြီး သတ္တုဘောင်နဲ့ သေသပ်စွာ အနားကွပ်ပေးထားပါတယ်။ အရှေ့ကင်မရာ lens, sensorနဲ့ စပီကာတွေရဲ့ဘေးနားမှာ Samsung logo ကို တွေ့မြင်နိုင်ပြီး မျက်နှာပြင်အောက်ခြေမှာ fingerprint sensor ပါရှိတဲ့ home button ကို ထည့်သွင်းထားပါတယ်။ နောက်ကျောဘက်မှာတော့ ပင်မကင်မရာ၊ Samsung logo နဲ့ LED Flash မီးလုံးတွေကိုတပ်ဆင်ထားတာ တွေ့မြင်ရမှာပါ။ ဖုန်း အရွယ်အစားက 142.7×69.4×7.9mm ရှိပြီး 157g အလေးချိန် လေးပါတယ်။ Headphone ပေါက်နဲ့ USB Type-C ပေါက်တို့ကို အောက်ခြေမှာ ထားရှိပြီး ထူးခြားချက်က အရင်နှစ်မှာထုတ်ခဲ့တဲ့ Galaxy A5 နဲ့ S7 တို့လို စပီကာကို အောက်ခြေမှာမထားဘဲ ညာဘက်ဘေးဘောင်ကို ရွှေ့ပြောင်းထားတာပါပဲ။ အသံအတိုးအကျယ်ခလုတ်နဲ့ SIM tray တွေက ဘယ်ဘက်ဘေးဘောင်မှာတည်ရှိပြီး Micro SD card slot ကိုတော့ အပေါ်ဘက်ဘောင်မှာ ထားပေးထားပါတယ်။

* Display *

5.2-inchအကျယ်ရှိတဲ့ မျက်နှာပြင်ကို Super AMOLED Capacitive touchscreen displayအမျိုးအစားနဲ့ပြုလုပ် ထားပြီး 1080×1920pixelsရှိတဲ့
မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပါတယ်။ ၁ လက်မအတိုင်းအတာမှာ ရရှိနိုင်မယ့် သိပ်သည်းဆပမာဏကတော့ ~424 ppi pixels ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး Always -On Display feature ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

* Operating System and Camera *

အထဲမှာ Android OS,v6.0.1 (Marshmallow)ကို run ထားပြီး TouchWiz UI ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာနဲ့ အရှေ့ကင်မရာ ၂ ခု စလုံးက 16 MP နဲ့ f/1.9 apertureစွမ်းအားတွေကိုပေးစွမ်းနိုင်ပြီး ကြည်လင် ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ရွေးချယ်စရာတွေများပြားတဲ့ filters တွေနဲ့ modes တွေကိုလည်း ထည့်သွင်းထားပါတယ်။

* Performance *

ဖုန်းတစ်လုံးရဲ့အရည်အသွေးနဲ့ အဆင့်အတန်းကိုဖော်ပြနိုင်မယ့် အရေးကြီးတဲ့အချက်တွေထဲက တစ်ခုဖြစ်တဲ့ processor စွမ်းအားပိုင်းကို Exynos 7880 Octa Chipset နဲ့ Octa-core 1.9 GHz Cortex-A53 processor တို့က အပြည့်အ၀အားဖြည့်ပေးထားပြီး Mali-T830MP3 GPUရဲ့ ပံ့ပိုးမှုကိုလည်း ရယူနိုင်ပါတယ်။ ဒါ့အပြင် RAM 3GB ပါရှိတာကြောင့်လည်း နောက် ဆုံးပေါ်ဂိမ်းကြီးတွေနဲ့ appsတွေအကုန်လုံးကို သုံးစွဲဖို့အတွက် လုံ လောက်ပြီး တိကျမြန်ဆန်တဲ့စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်ပါတယ်။ Multitaskingတွေပြုလုပ်ရင်လည်း စက်ဟမ်းမသွားနိုင်တဲ့အတွက် လုပ်ဆောင်ချက်တွေအများကြီးကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။



Specification
Display : 5.2 inch, Super AMOLED Capacitive touchscreen
Memory : 32 GB, 3 GB RAM, microSD, up to 256 GB
Camera : 16 MP, autofocus, LED Flash, Geo-tagging, touch focus
OS : Android OS, v6.0.1 (Marshmallow)
Phone : 09-254839225 (Technoland)

Price : 525,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com