2/10/2017

♪ Note 7 ရဲ့ ဘက်ထရီတွေကို ထုတ်လုပ်ပေးတဲ့ စက်ရုံ မီးလောင် ♫


Bloomberg ရဲ့ သတင်းအရ ချွတ်ယွင်းတဲ့ Note 7 ဘက်ထရီများ ထုတ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံ တီယန်ဂျင်းမှ စက်ရုံတစ်ခု မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ Samsung SDI ရဲ့ စက်ရုံတစ်ခု ဖြစ်ပြီး Samsung စမတ်ဖုန်းများရဲ့ ဘက်ထရီများကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။

အသေးစား မီးလောင်မှု ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Samsung SDI ရဲ့ ပြောရေးဆိုခွင့်ရှိသူက စွန့်ပစ်ပစ္စည်းများ သိုလှောင်ထားတဲ့ နေရာမှာ မီးလောင်ခဲ့တာ ဖြစ်ပြီး ဘက်ထရီ ထုတ်လုပ်မှုနဲ့ မသက်ဆိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကို မီးသတ်သမား ၁၁၀ ငြှိမ်းသတ်ခဲ့ရတယ်လို့ South China Morning Post က ရေးသားထားပါတယ်။

Note 7 ရဲ့ ဘက်ထရီ မီးလောင်မှုများကြောင့် Samsung ဟာ ၂ ကြိမ်တိုင် ပြန်လည် သိမ်းယူခဲ့ရပါတယ်။ အစားထိုးလဲလှယ်ပေးလိုက်တဲ့ ဘက်ထရီများဟာလည်း ချွတ်ယွင်းချက်များ ဖြစ်ပေါ်ခဲ့ပြီး အဲဒီဘက်ထရီများကို တရုတ်မှ Amperex Technology က ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

မီးသတ်သမားများက စက်ရုံမီးလောင်မှုဟာ လစ်သီယွန်အိုင်းယွန်း ဘက်ထရီများနဲ့ အချို့ဘက်ထရီ ထုတ်ကုန်များကြောင့်လို့ ပြောပါတယ်။ Samsung က Note 7 မီးလောင်မှုကို လအနည်းငယ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီလက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘက်ထရီမီးလောင်မှုမှာ ပြဿနာ ၂ ခုကြောင့်လို့ ကုမ္ပဏီက ပြောပါတယ်။ တစ်ခုမှာ Samsung SDI က ထုတ်တဲ့ ဘက်ထရီဟာ အရွယ်အနည်းငယ် ကြီးမားပြီး ဖုန်းရဲ့ ပါးလွှာတဲ့ကိုယ်ထည်ထဲမှာ ကြပ်ညပ်နေခဲ့လို့ ဖြစ်ပါတယ်။

Amperex က အစားထိုးလဲလှယ်ပေးလိုက်တဲ့ ဘက်ထရီများဟာလည်း ထုတ်လုပ်မှု အပိုင်းမှာ အားနည်းချက်များ ရှိခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Samsung က အနာဂတ်မှာ ဒီလို ပြဿနာမျိုး မဖြစ်အောင် ဘက်ထရီများကို အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးမယ်လို့ အာမခံခဲ့ပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com