2/10/2017

♪ ၁၀ နှစ်ပြည့် အိုင်ဖုန်းသစ် ရဲ့ အနိမ့်ဆုံး ဈေးနှုန်း ဒေါ်လာ ၁၀၀၀ ရှိနိုင် ♫


ယခု နှစ်လာမည့် စက်တင်ဘာ၊ အောက်တိုဘာလအတွင်း ထုတ်လုပ်မည့် အိုင်ဖုန်းသည် အိုင်ဖုန်း မျိုးဆက် ဖုန်းတွေထဲမှာ ဈေးအကြီးဆုံး ဖြစ်လာနိုင်ခြေရှိနေပြီး ကနဦး ကြမ်းခင်းဈေး ကို ဒေါ်လာ ၁၀၀၀ နဲ့ စတင် ဖွင့်လှစ်ထားတယ် လို့ သိရပါတယ်။

ဖော်ပြပါ ဈေးဟာ 256 GB ရှိတဲ့ iPhone 7 Plus ကို Unlock ဖြေအပြီး ကျသင့်နှုန်း ဒေါ်လာ ၉၆၉ ထက် များပြားနေတဲ့ဈေးနှုန်း ဖြစ်ပါတယ်။ Apple ကုမ္ပဏီ ဟာ အသစ်ထုတ်လုပ်မယ့် ဖုန်း ဟာ ဆမ်ဆောင်း က ပံ့ပိုးပေးမယ့် OLED မျက်နှာပြင်ကြောင့်ရော ၊ ထူးခြားချက် အများအပြားကို ထည့်သွင်းထား တာကြောင့်အပြင် ကုမ္ပဏီ ရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေတာတွေ ရောပြွှမ်းပြီး အခုထက်ပိုပြီး အရောင်းသွက် လာမယ် လို့ ယုံကြည်လျက်ရှိပါတယ်။

မော်ဒယ်အသစ် ဟာ ဈေးနှုန်းကြီးမြင့်လာမှု နဲ့ ပတ်သက်ပြီး ဘလော့ဂါတွေ က အပြစ်တင်ဝေဖန်တဲ့ အခါမှာတော့ Galaxy S7 Edge ရဲ့ ဈေးနှုန်း ကို ထုတ်ဖော် ပြသပြီး Apple ကုန်ပစ္စည်းအသစ် ဟာ မျှော်မှန်းသလောက် မများပါဘူး လို့ Apple Company က တုံ့ပြန်ခဲ့ပါတယ်။

အမည်နာမ ခန့်မှန်း မှု အသစ် အနေနဲ့ iPhone 8 ဖြစ်လာနိုင်သလို iPhone X လို့ လည်း အမည်ပေးလာနိုင် ဖွယ်ရာ ရှိနေတယ်လို့ သိရပါတယ်။

အိုင်ဖုန်းအသစ် က ဘာတွေ ထူးခြားလာမလဲ



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com