2/10/2017

♪ သင့်အတွက် မှန်ကန်တဲ့ လက်တော့တစ်လုံးကို ရွေးချယ် ၀ယ်ယူနည်း ♫


ဒီနေ့ခေတ်မှာတော့ ရွေးချယ်စရာ လက်တော့ ကွန်ပြူတာများစွာ ရှိပါတယ်။ အဲဒီအတွက် လက်တော့တစ်လုံး ၀ယ်ယူဖို့ ရွေးချယ်ရတာ အလွန် ခက်ခဲပါတယ်။ သင့်အတွက် သင့်တော်တဲ့ လက်တော့တစ်လုံး ရွေးချယ် ၀ယ်ယူနိုင်ဖို့ အောက်ပါနည်းလမ်းများက အကူအညီပေးနိုင်ပါတယ်။

စကရင် အရွယ်အစားနဲ့ အလေးချိန်
လက်တော့ စကရင်များဟာ များသောအားဖြင့် ၉ လက်မနဲ့ ၁၇ လက်မအကြားမှာ ရှိပါတယ်။ စင်တီမီတာအားဖြင့် ၂၃ ကနေ ၄၃ စင်တီမီတာအကြားဖြစ်ပါတယ်။ မျက်နှာပြင် သို့မဟုတ် စကရင် ကြီးမားလေလေ၊ လက်တော့ဟာ လေးလံလေလေ ဖြစ်ပါတယ်။ သင်သယ်ဆောင် အသုံးပြုလို့ သက်တောင့်သက်သာဖြစ်စေမယ့် လက်တော့မျိုးကို ရွေးချယ်ပါ။ စကရင်ကြီးမားတဲ့ လက်တော့များဟာ ခရီးသွားရင် အဆင်မပြေသလို ဘက်ထရီသက်တမ်းလည်း တိုတောင်းပါတယ်။ ဒါပေမယ့် ဂရပ်ဖစ်နဲ့ စွမ်းဆောင်ရည် အပိုင်းမှာ ပိုမို ကောင်းမွန်ပါတယ်။ သေးငယ်တဲ့ စကရင်များကတော့ သူ့ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

CPU

CPU ဟာ သင့်ကွန်ပြူတာရဲ့ ဦးနှောက်ဖြစ်ပါတယ်။ CPU အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီ ၂ ခုကတော့ Intel နဲ့ AMD ဖြစ်ပါတယ်။ Intel က အဆင့်မြင့် နည်းပညာများဖြင့် ဈေးကွက်ကို အုပ်စိုးထားပါတယ်။ AMD ကတော့ တန်ဖိုးသက်သာတဲ့ စွမ်းရည်မြင့် CPU များဖြင့် ဈေးကွက်မှာ နေရာယူနေပါတယ်။ Dual-Core CPUs များဟာ ဂိမ်းကစားခြင်းနဲ့ ဂရပ်ဖစ်အပိုင်းမှာ ပိုမို စွမ်းရည်မြင့်မားပြီး Single-Core CPUs များကတော့ အင်တာနက်ကြည်ခြင်းနဲ့ အခြေခံ ရုံးလုပ်ငန်းများအတွက်သာ အသုံးပြုတဲ့ လူများအတွက် ကုန်ကျစားရိတ် နည်းပါးပါတယ်။

RAM
စီးပွားရေးနဲ့ နေအိမ်သုံးသူများအတွက် 2GB နဲ့ 4GB RAM အကြားကို ရွေးချယ်သင့်ပါတယ်။ ဂိမ်မာများ၊ ဂရပ်ဖစ် အနုပညာရှင်များနဲ့ အရည်အသွေးမြင့် ဗီဒီယိုများနဲ့ အလုပ်လုပ်နေကြသူများအတွက် 4GB နဲ့ 8GB RAM အကြားကို ရွေးချယ်တာ ပိုမိုကောင်းမွန်ပါတယ်။ ကျောင်းစာများလုပ်ဖို့ ၊ အီးမေးပို့ဖို့နဲ့ အင်တာနက် သုံးဖို့ ဈေးနှုန်းသက်သာတဲ့ လက်တော့ကို လိုချင်တဲ့ ကျောင်းသားများအတွက် 1GB RAM လောက်ဆို သင့်တော်ပါတယ်။

အွန်လိုင်းမှာ ရှာဖွေပါ။
အွန်လိုင်း ရှော့ပင်း ၀က်ဆိုက်များမှာ သင့်အတွက် သင့်တော်တဲ့ လက်တော့ကို ကူညီရွေးချယ်ပေးနိုင်တဲ့ Tools နဲ့ Search Engine များ ရှိပါတယ်။ Microsoft ကလည်း နည်းပညာ မကျွမ်းကျင်သူများကို သင့်တော်တဲ့ ကွန်ပြူတာ ကူညီရွေးချယ်ပေးတဲ့ PC Scout လို့ခေါ်တဲ့ နည်းပညာမြင့် ဆော့ဝဲကို ဖန်တီးပေးထားပါတယ်။ အွန်လိုင်း ရှော့ပင်းဝက်ဆိုက်များမှာ သင်လိုချင်တဲ့ Specifications အတိအကျ ပါတဲ့ လက်တော့များကို ရှာဖွေပေးတဲ့ အဆင့်မြင့် ရှာဖွေရေး စွမ်းဆောင်ချက်များကို ပံ့ပိုးပေးထားပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com