Nintendo UK သည် မကြာမီဝယ်ယူရရှိနိုင်တော့မည့်
Switch console ၏ page အား ထုတ်ပြန်ခဲ့ပြီး ထို page တွင် specifications
ပါဝင်လာခဲ့သဖြင့် Switch အကြောင်း ယခင်ကထက်ပို၍ သိရှိလာရသည်။ သို့သော်
ယခုအချိန်ထိ လူများစွာသိချင်နေကြသော custom Nvidia Tegra processor
အကြောင်းကိုမူ အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
အရွယ်အစားမှာ Joy –Con ပါ တပ်ဆင်ထားပါက 102 x 239 x 13.9 mn ရှိပြီး အထူဆုံးနေရာတွင် 28.4 mn ထိရှိမည်ဟုဆိုသည်။ အလေးချိန်မှာ ပျမ်းမျှ 297 g ရှိပြီး Joy-con တပ်ထားပါက 398 g ရှိမည်ဖြစ်သည်။ Touch screen ဖြစ်ပြီး 6.2” LCD အမျိုးအစားဖြစ်ကာ 1280 x 720 resolution ရှိ သည်။ CPU နှင့် GPU မှာမူ Nvidia Customised Tegra ဟုသာဖော်ပြဆဲ ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို မတွေ့ကြရပေ။
Memory 32 GB ဖြစ်ပြီး system အတွက် သုံးသဖြင့် 32 GB အပြည့်မရနိုင်ပေ။ WiFi 802.11 a/b/g/n/ac / Bluetooth 4.1 တို့ ပါဝင်ပါတယ်။ Video output က 1920 x 1080 Full HD 60 fps ဖြစ်ပြီး HDMI ကြိုးနဲ့ TV မှာ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ USB Type-C ပါဝင်ပြီး အားသွင်းဖို့ Switch dock နဲ့ချိတ်ဆက်ဖို့ သုံးနိုင်ပါတယ်။
Game Card slot က switch game card များအတွက် ဖြစ်ပြီး Micro SD card slot လည်း ပါဝင်ပါတယ်။ 4310 mAh Lithium Ion ဘက်ထရီကိုသုံးပြီး ဘက်ထရီသက်တမ်း ၆ နာရီကျော်ဆိုပေမယ့် Software ပေါ်မူတည်ပြီး ကွဲပြားသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal

https://www.facebook.com/
www.pyaephyo.com