2/03/2017

♪ Laptop လိုရော Tablet လိုပါသုံးနိုင်တဲ့ အကောင်းဆုံး 2-in-1 Laptop များ ♫


လက်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်တဲ့ လက်တော့များဟာ ရေပန်းစားနေပါပြီ။ အိမ်မှာနေရင် တက်ဘလက်လို သုံးနိုင်ပြီး အလုပ်လုပ်တဲ့ အခါမှာ လက်တော့လို သုံးနိုင်တဲ့အတွက် အလွန် အသုံးဝင်ပါတယ်။ အဲဒီအတွက် စာဖတ်သူများ မိမိအတွက် သင့်တော်တဲ့ 2-in-1 Laptop များကို ရွေးချယ်နိုင်ဖို့ သုံးသပ်ရေးသားပေးလိုက်ပါတယ်။

၁။ HP Spectre x360

HP Spectre x360 ဟာ Apple iPad ကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ နှစ်မျိုးသုံး လက်တော့ ဖြစ်ပါတယ်။ စပီကာ ၄ လုံး တပ်ဆင်ထားတာက ဘယ်လိုသုံးနေ သုံးနေ အသံအရည်အသွေး ကောင်းမွန်ပါတယ်။ အားသွင်းခြင်းနဲ့ ဒေတာ ကူးပြောင်းရာမှာ လျှင်မြန်စေတဲ့ USB-C Port တပ်ဆင်ထားပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၈ နာရီ ဖြစ်ပါတယ်။ အလွန်ပါးလွှာပြီး စတိုင်ကျလှပပါတယ်။ ကီးဘုတ်ကလည်း အရည်အသွေးမြင့်မားပါတယ်။ SD Card Reader မပါဘဲ မျက်နှာပြင်ဘေးဘောင်များက အနည်းငယ် ကြီးမားတာက အားနည်းချက်ပါ။
CPU: Intel Core i5 – i7 | Graphics: Intel HD Graphics 620 | RAM: 4GB – 16GB | Screen: 13.3-inch, FHD (1,920 x 1,080) – UHD (3,840 x 2,160) IPS UWVA-backlit multi-touch | Storage: 128GB – 512GB SSD

၂။ Microsoft Surface Book

Microsoft က ၂၀၁၅ မှာ လက်တော့လောကကို အံ့သြသွားစေတဲ့ Surface Book ကို မိတ်ဆက်ခဲ့ပါတယ်။ Surface Book ဟာ အကောင်းဆုံး 2-in-1 Laptop ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဈေးကွက်ထဲမှ အပါးလွှာဆုံးနဲ့ စွမ်းရည်အမြင့်ဆုံး လက်တော့တစ်လုံးပါ။ ဒီဇိုင်းက ထူးခြားဆန်းသစ်ပါတယ်။ ဘက်ထရီ သက်တမ်းကတော့ အားနည်းတာကို တွေ့ရပါတယ်။
CPU: Intel Core i5-i7 | Graphics: Intel HD graphics 520 – Nvidia GeForce graphics | RAM: 8GB-16GB | Screen: 13.5-inch, 3,000 x 2,000 PixelSense Display | Storage: 128GB – 256GB PCIe 3.0 SSD

၃။ Lenovo Yoga 900

Lenovo Yoga 900 ဟာ စွမ်းရည်မြင့် လက်တော့ ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းအလွန်ကောင်းမွန်ပါတယ်။ စွမ်းဆောင်ရည်မြင့် Intel Core I Processor ထည့်သွင်းထားပါတယ်။ သူဟာ Microsoft Surface Book ကိုတောင် ယှဉ်ပြိုင်နိုင်ပါတယ်။ မျက်နှာပြင် အရည်အသွေးက အံ့မခန်းကောင်းပါတယ်။ ဒီဇိုင်း ပါးလွှာပါတယ်။
CPU: 2.5GHz Intel Core i7-6500U | Graphics: Intel HD Graphics 520 | RAM: 8GB – 16GB | Screen: 13.3-inch QHD+ 3,200 x 1,800 IPS display | Storage: 256GB – 1TB SSD

၎။ Microsoft Surface Book i7

Surface Book i7 ဟာ Surface Book နဲ့ ဒီဇိုင်းဆင်တူပါတယ်။ ဒါပေမယ့် ဒီမော်ဒယ်ဟာ မူလမော်ဒယ်ထက် ဂရပ်ဖစ်အပိုင်းမှာ ၁၃၁ ရာခိုင်နှုန်း ပိုမို အားသာပါတယ်။ ဘက်ထရီကလည်း ၂၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်ပါတယ်။ သူနဲ့ ဈေးနှုန်းတူတဲ့ MacBook Pro ထက်တောင် ပိုမို လျှင်မြန်ပါတယ်။ ဂရပ်ဖစ် ဒီဇိုင်းသမားများအတွက် သင့်တော်ပါတယ်။
CPU: 2.6GHz Intel Core i7-6600U | Graphics: Nvidia GeForce GTX 965M; Intel HD Graphics 520 | RAM: 8GB – 16GB | Screen: 13.5-inch 3,000 x 2,000 PixelSense Display | Storage: 256GB – 1TB SSD

၅။ Samsung Notebook 7 Spin

Samsung ဟာ Notebooks များထက် သူ့ရဲ့ ဖုန်းများက နာမည်ပိုကြီးပေမယ့် Samsung Notebook 7 Spin ကတော့ အကောင်းဆုံး နှစ်မျိုးသုံး လက်တော့တစ်လုံးဖြစ်ပါတယ်။ Skylake i7 CPU တပ်ဆင်ထားပြီး ဖက်ရှင်ကျ လှပပါတယ်။ Full HD Display တပ်ဆင်ထားပြီး HDR ကို ထောက်ပံ့ပါတယ်။ SD Card Reader လည်း ပါပါတယ်။
CPU: 2.5GHz Intel Core i7-6500U | Graphics: Nvidia GeForce 940MX; Intel HD Graphics 520 | RAM: 12GB – 16GB | Screen: 15.6-inch FHD (1,920 x 1,080) LED with touch panel | Storage: 1 TB HDD – 1TB HDD + 128GB SSD



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com