2/03/2017

♪ “Meizu MX6” ♫

Image may contain: phone


ဆင်းကတ်အသုံးပြုမှုအပိုင်းတွင်လည်း အားသာချက်ရှိသောဖုန်းပါ။ Dual SIM အမျိုးအစားဖုန်းဖြစ်ခြင်းကြောင့် SIM Card နှစ်ကတ်ကိုင်ဆောင် အသုံးပြုသူ များ အဆင်ပြေစေပါလိမ့်မယ်။ ထည့်သွင်းအသုံးပြုရမယ့်ဆင်းကတ် အမျိုး အစားကတော့ Nano SIM ဖြစ်ပါတယ်။ Capacitive Touchscreen ဟာ 5.5 inches အကျယ်အ၀န်းရှိသောကြောင့် မြင်ကွင်းစွမ်းရည်အပိုင်းတွင် ကောင်းမွန်သောရသကို ခံစားနိုင်မှာဖြစ်ပါတယ်။

 ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 1080x1920 ဖြစ်ကာ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 403ppi ဖြစ်ပါတယ်။ Multitouch စနစ်တွင် လက်ချောင်း ၅ ချောင်းအထက်အသုံးပြုနိုင်ပါတယ်။ Flyme UI ကိုအသုံးပြု နိုင်ပါမယ်။ အဓိကကင်မရာသည် 12MP, F/2.0 စွမ်းရည်ရှိ သောကြောင့် ကြည်လင်ကောင်းမွန်သောပုံရိပ်များကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ ရှေ့ကင်မရာ ငယ်ကတော့ 5MP, F/2.0 စွမ်းရည်ရှိပါတယ်။ Dual LED(Dual Tone) Flash, Face Detection, Panorama စသည့် ကင်မရာဆက်စပ်ပတ်သက် စနစ်များ ကိုလည်း အသုံးပြုနိုင်ပါမယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့ 2160p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30fames ဖြစ်ပါတယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် အချက်အလက်များ လျင်မြန်စွာကူးပြောင်း နိုင်ရန်အတွက် RAM ကို 4GB ထည့်သွင်းပေးထားပါတယ်။ Internal Storage အပိုင်းတွင်တော့ 32GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ CardSlot စနစ်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ထူးခြားချက်ကတော့ CPU အပိုင်းတွင် Core 10 လုံးကို ပေါင်းစပ်ဖွဲ့စည်းထား သော Deca Core ကိုအသုံးပြု ပေးထား သောကြောင့် လျင်မြန်သောတုံ့ပြန်မှုများကို ပေးစွမ်းနိုင်မယ့်ဖုန်းဖြစ် ပါတယ်။ အသုံးပြုပေးထားသော OS အမျိုးအစားကတော့ Android ဖြစ်ပြီး၊ Version မှာ Marshmallow ဖြစ်ပါတယ်။ ဘက်ထရီအမျိုးအစားကတော့ Li- Ion 3060mAh ဖြစ်ကာ အားသွင်းမြန်ဆန်သော စနစ်လည်းပါရှိပါတယ်။



<Specification>

Network - GSM/ WCDMA/LTE
Memory - 32GB
CPU - Deca Core
Camera - 12MP
Screen - 5.5 inches
OS - Android OS, v6.0
Contact - 09-456585103

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com