2/03/2017

♪ ၁၁၉,၀၀၀/- ကျပ်ဝန်းကျင်ရှိ - “Hello Mate 1” ♫

Image may contain: 1 person

နည်းပညာပစ္စည်းများထဲတွင် လူသုံးအများဆုံးသောအရာကတော့ စမတ်ဖုန်း များဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများဟာ စမတ်ဖုန်းများကိုသာ ထုတ်လုပ်ရုံဖြင့် မပြည့်စုံပါဘူး။ ဆက်စပ်သော Accessories များစွာကိုလည်း ထုတ်လုပ် ရောင်းချဖို့လိုအပ်ပါတယ်။ ဒါမှသာ တံဆိပ်တစ်ခုတည်းဖြင့် ပြည့်စုံ စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Hello တံဆိပ်ဟာ ဖုန်းအမျိုးအစားများစွာကို ရောင်းချပေးထားသလို Power Bank ကိုလည်း ရောင်းချပေးထားပါတယ်။

Hello ရဲ့ ယခု Mate 1 ဟန်းဆက် ဟာ လေးထောင့်ကျသော အသွင်ဒီဇိုင်းရှိပြီး ဘေးဘောင်အနားသတ် များဟာ တောက်ပပါတယ်။ မှန်သတ္တုဖြင့် ဖုန်းကို တည်ဆောက်ပေးထားခြင်းကြောင့် တောက်ပြောင်သော ဒီဇိုင်းပုံစံရှိပါတယ်။ နောက်ဆုံးပေါ်ဖုန်းများတွင် လုံခြုံရေးစနစ်ကိုကောင်းမွန်အောင် ဆောင်ရွက် ပေးလာကြရာ သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေစေလာခဲ့ပါတယ်။ ဖုန်း အများစုတွင် ပါရှိသည့် အဆင့်မြင့် လုံခြုံရေးစနစ်ကတော့ လက်ဗွေရာ စနစ်အသုံးပြုမှုဖြစ်ပါတယ်။ Hello ရဲ့ ယခုဖုန်းတွင်လည်း လက်ဗွေရာ စနစ် ကိုလုံခြုံရေးစနစ် အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လက်ဗွေရာဖတ်ရှုပေးနိုင်သည့် ခလုတ်နေရာကိုတော့ ဖုန်း၏အနောက်ဘက် အလယ်တည့်တည့်တွင် တပ်ဆင်ပေးထားပါတယ်။ ထိုအ၀ိုင်းပုံစံလက်ဗွေရာ ဖတ်ရှုပေးနိုင်သည့် ခလုတ်ကိုအသုံးပြု၍ ဖုန်းအား Log In ၀င်နိုင်သလို ကင်မရာနှင့် သီချင်းအပိုင်းအတွက်လည်း သုံးစွဲနိုင်ပါတယ်။ ဓာတ်ပုံရိုက်ကူးဖို့ အတွက် Fingerprint Sensor ခလုတ်ကို ထိ၍ အသုံးပြုနိုင်သလို သီချင်းဖွင့် ဖို့အတွက်လည်း အဆိုပါခလုတ်ကို သုံးစွဲနိုင်ပါတယ်။ Mate 1 ရဲ့ ဖုန်း ကိုယ်ထည် ဟာ ပါးပါး လျလျရှိပါတယ်။ ဖုန်းရဲ့ဘေးဘောင်အထူဟာ 7.3mm သာ ရှိပါတယ်။ ဈေးကွက်ထဲတွင်ရှိသော ဖုန်းအများစုဟာ ဆင်းကတ် နှစ်ကတ် အသုံးပြုနိုင်သော ဟန်းဆက်များဖြစ်ပါတယ်။ Mate 1 ဟာလည်း Dual SIM အမျိုးအစားဟန်းဆက်ဖြစ်ခြင်းကြောင့် ဆင်းကတ်များစွာ ကိုင်ဆောင် သုံးစွဲသူများအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဆင်းကတ် နှစ်ကတ် တစ်ပြိုင်တည်း ထည့်သွင်း အသုံးပြုပါက မှတ်ဥာဏ်ပမာဏ ချဲ့ထွင် ဖို့အတွက် အဆင်မပြေစေပါဘူး။ ဆင်းကတ်တစ်ကတ်သာ ထည့်သွင်းသုံးစွဲပြီး ကျန်သည့် Slot နေရာတွင် SD Card ကို ထည့်သွင်းသုံးစွဲမှသာ အချက် အလက်အများအပြားသိမ်းဆည်း နိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် အချို့သော အမှတ်တံဆိပ်များ၏ အမြင့်စားဟန်းဆက်များဟာ ဆင်းကတ်နှစ်ကတ် ထည့်သွင်းနိုင်မယ့်နေရာနှင့် SD Card ထည့် နိုင်မည့်နေရာတို့ပါရှိအောင် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ
5 inches ရှိသောကြောင့် သင့်တင့်သော အကျယ်ပမာဏသာရှိပါတယ်။

ဖုန်းမျက်နှာပြင်ကြီးမားသော ဟန်းဆက်များကိုသုံးစွဲချင်သူများအတွက်တော့ အဆင်မပြေစေပါဘူး။ ဖုန်းရဲ့အဓိက ကင်မရာကိုအနောက်ဘက် ထိပ်ဘက် ထောင့်တွင် အ၀ိုင်းပုံစံတပ်ဆင်ပေးထားပါတယ်။ အောက်ဘက်မှာတော့ Flash Light ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အဓိက ကင်မရာဟာ 13MP, f/2.2 စွမ်းရည်ရှိသောကြောင့် လှပကောင်းမွန်သောဓာတ်ပုံများကို ရိုက်ကူး နိုင်ပါလိမ့်မယ်။ နေ့အခါတွင် ပုံထွက်ကောင်းသလို အလင်းရောင် အားနည်း သည့်အချိန် (သို့) ညဘက်များတွင် ဓာတ်ပုံရိုက်ကူးသည့်အခါ၌လည်း ပြည့်စုံသောထောက်ပံ့မှုကိုပေးစွမ်းမယ့် ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့အရှေ့ ကင်မရာငယ်ကတော့ 8MP စွမ်းရည်ရှိပါတယ်။ ထို့ကြောင့် Selfie ရိုက်ကူး မှုအတွက် စိတ်ကျေနပ် စေမယ့် ဖုန်းဖြစ်ပါတယ်။ အထောက်အပံ့ပေးမယ့် Network အမျိုးအစားကတော့ 2G, 3G ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 1GB ထည့်သွင်းပေးထားပြီး ROM တွင် 16GB ပါရှိ အောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက် အများအပြား သိမ်းဆည်း လိုပါက မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်အသုံးပြုရပါမယ်။ အများဆုံး ချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏ ကတော့ 64GB အထိ ဖြစ်ပါတယ်။ MT6580 Quad-core CPU ကို ထည့်သွင်းပေးထားခြင်းကြောင့် ဖုန်းကို အသုံးပြုတဲ့အခါတွင် လျင်မြန်သောတုံ့ပြန်မှုများကိုပေးစွမ်းပါလိမ့်မယ်။

အသုံးပြုနိုင်မယ့် OS အမျိုးအစားမှာ Android ဖြစ်ပြီး Version မှာ Marsh-mallow ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားမှာ 2200mAh ဖြစ်ခြင်းကြောင့် ဖုန်းကိုအချိန်ကြာမြင့်စွာ အသုံးပြုနိုင် ပါလိမ့်မယ်။ သုံးစွဲသူများဟာ ဟန်းဆက်များဝယ်ယူသည့်အခါတွင် အရောင်ရွေးချယ်မှု လည်း ပြုလုပ်ကြပါတယ်။ Hello ဟာ Mate 1 ကို လှပသောအရောင်များဖြင့် လည်း ထုတ်လုပ်ပေးထားပါတယ်။ ရွှေ၊ အဖြူ၊ အနက် ဟူ၍ ၃ ရောင်ထုတ်လုပ် ပေးထား ပါတယ်။ ဟန်းဆက်များ ၀ယ်ယူသည့်အခါ၌ မေတ္တာလက်ဆောင် များကိုလည်း ရရှိနိုင်ပါတယ်။ Mate 1 ကို ၀ယ်ယူသည့် အခါတွင် ရေပူ၊ ရေအေး ထည့်၍သုံးစွဲနိုင်သော ရေဘူးကို မေတ္တာလက်ဆောင်အနေဖြင့် ရရှိမှာဖြစ်သလို ဒေတာပမာဏ 1GB ပါရှိသော Ooredoo ဆင်းကတ်ကိုလည်း ရရှိပါဦးမယ်။ ဖုန်းရဲ့ တန်ဖိုးမှာ ၁၁၉,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com