2/08/2017

♪ အဖိုးနည်း ၀န်ပါတဲ့ Lenovo Yoga ကို စတင်ဖြန့်ချိမည် ♫


ဈေးနှုန်းသက်သာပြီး တန်းမြင့်အရည်အသွေးတွေ ရှိနေတဲ့ Lenovo Yoga A12 ကို လာမယ့် ရက်တွေမှာ စတင်ဖြန့်ချိမယ်လို့ ကုမ္ပဏီ က ဒီကနေ့ ကြော်ငြာခဲ့ပါတယ်။

တစ်ကိုယ်ရည်သုံး user တွေအတွက် ရည်ရွယ်ထုတ်လုပ်လိုက်တဲ့ Android Tablet ဟာ မျက်နှာပြင် ၁၂.၂ လက်မ ရှိပြီး Intel Atom X5 ပရိုဆက်ဆာ သုံးစွဲထားပါတယ်။ RAM ကတော့ 2 GB ရှိပြီး Built in သိုလှောင်နိုင်စွမ်းအား အနေနဲ့ 32GB ထည့်သွင်းထားပါတယ်။

1200 x 800 pixel ဆိုတာ ဟာ နည်းနည်းတော့ အရည်အသွေး နည်းပါးတယ် လို့ ထင်စရာရှိပေမယ့် Android 6.0.1 Marshmallow သုံးစွဲထားပြီး ကီးဘုတ် နဲ့ တွဲဖက်ကာ လက်တော့ပ် အဖြစ် သုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့တော့ တစ်မျီုးကောင်းလို့ နေပါတယ်။ Lenovo ဟာ ဒီ တက်ဘလက် ကို လာမယ့် ဗုဒ္ဓဟူးနေ့ ကနေ စတင်ပြီး ဈေးကွက် ကို ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ ဒေါ်လာ ၂၉၉ နဲ့ စတင် ကြမ်းခင်းဈေး ဖွင့်လှစ်ထားပါတယ်။

ဈေးနှုန်းလည်း သက်သာမယ်။ လိုအပ်သလောက် လည်း စွမ်းရည်ကလေးတွေ ရှိတာကို လိုချင်မယ် ဆိုရင်တော့ Lenovo Yoga တွေ ဟာ အပျော်တမ်းအဆင့် မဟုတ်ဘဲ ရုံးလုပ်ငန်းသုံးတွေအတွက် ပါ သုံးစွဲနိုင်စေမယ့် စွမ်းရည်တွေ ရှိနေတယ် လို့ သိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com