အူရီဒူးမြန်မာမှ နောက်လအထိ ဆက်လက်အသုံးပြုနိုင်တဲ့ ပေါင်းကူးဒေတာ Packs
တွေ မိတ်ဆက်ပေးလိုက်ပြီဖြစ်တယ် လို့ သိရပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့
Packs တွေ ဟာ လစဉ်အသုံးပြုနိုင်မှာဖြစ်ပြီး အမျိုးအစား ၈ မျိုးနဲ့
ရရှိနိုင်မှာ ဖြစ်ပါတယ်။ တစ်လအတွက် အနည်းဆုံး ဒေတာပမာဏ 800 MB အတွက်
ကျသင့်ငွေ ကျပ်၉၉၉ မှ ဒေတာပမာဏအများဆုံး 130GB အထိ ၀ယ်ယူအသုံးပြုနိုင်မှာ
ဖြစ်တယ် လို့ သိရပါတယ်။
အဆိုပါ အင်တာနက် Pack တွေအတွက် အသုံးပြုခွင့်ကာလမှာ ရက်၃ဝ ကြာ အသုံးပြုနိုင်မှာ ဖြစ်ပြီး အူရီဒူးသုံးစွဲသူတွေအနေဖြင့် *140# ကို ဖုန်းခေါ်ဆိုပြီး အင်တာနက်အစီအစဉ်ကို စာရင်းသွင်း ရယူနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ အသစ် ပြုလုပ်လိုက်တဲ့ အဆိုပါဒေတာ အစီအစဉ်ကြောင့် သုံးစွဲသူတွေ အနေနဲ့ မသုံးဖြစ်တဲ့ ဒေတာတွေကို ဆုံးရှုံးမှုမရှိဘဲ နောက်လသို့ဆက်လက်ယူဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ အဲဒီပေါင်းကူးဒေတာ pack ကို ရက် ၃ဝ အတွင်းအသုံးပြုပြီး မကုန်ခဲ့ပါက အဲဒီဒေတာ pack ကုန်ဆုံးရက်ပြီးနောက် ၇ ရက်အတွင်း နောက်ထပ် ဒေတာ pack တစ်ခုကို ထပ်မံဝယ်ယူလိုက်ပါက လက်ကျန်ဒေတာကို ဆက်လက်သယ်သွားကာ မိမိ ၀ယ်ယူလိုက်တဲ့ အင်တာနက်အစီအစဉ်အသစ် နဲ့ အတူ ထပ်မံအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပေါင်းကူး ဒေတာPack ကို အသုံးပြုရင်းနဲ့ပဲ နောက်ထပ် ဒေတာPack အသစ်တစ်ခု ထပ်မံဝယ်ခြင်းဖြင်း အလိုလျောက် သက်တမ်းတိုးသွားပြီး လက်ရှိ အသုံးပြုနေတဲ့ ဒေတာPack က လက်ကျန်ဒေတာတွေကို ရေရှည်ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခု ၀ယ်ယူရရှိထားတဲ့ Pack တွေ ဟာ မည်သည့်ဝန်ဆောင်မှုကို ဒေတာ မည်မျှ အသုံးပြုရမည်လို့ ရည်ရွယ် ကန့်သတ်ထားတာ မရှိဘဲ သုံးစွဲသူတွေ စိတ်ကြိုက် Facebook ကနေစပြီး ဂိမ်းဆော့တာတွေ အထိ “ပေါင်းကူး” ဒေတာPack နဲ့ ကန့်သတ်ချက်မရှိ အသုံးပြုနိုင်မည်ဖြစ်တဲ့အတွက် အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်တဲ့ အင်တာနက်အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
လစဉ်သုံး ပေါင်းကူးဒေတာpack ကို စာရင်းသွင်းရယူအသုံးပြုခြင်းကြောင့် အူရီဒူးသုံးစွဲသူတွေအတွက် ထပ်ဆောင်းအကျိုးရလာဒ်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ဖုန်းငွေဖြည့်သွင်းလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အခမဲ့ Facebook, Viber, Bee Talk နဲ့ အူရီဒူးအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။

www.pyaephyo.com