2/15/2017

♪ “Lenovo K5 Note” - Price 329,000 Ks ♫

No automatic alt text available.

ဖုန်းမျက်နှာပြင်အတွက် LTPS IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်း မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 1080 × 1920 ဖြစ်ပါတယ်။ Lenovo ဟာ K series များကို မိတ်ဆက်ပေးထားပြီး အခုဖုန်းကို K5 Note Pro လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

အသုံးပြုနိုင်မယ့် Network အမျိုးအစားမှာ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် အရွယ်အစားပမာဏကတော့ 152 × 75.7 × 8.5 mm ဖြစ်ကာ အလေးချိန်မှာ 165 g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။ အဓိကကင်မရာဟာ 13 MP, f/2.2 စွမ်းရည်ရှိပြီး Dual LED (Dual Tone) Flash စနစ်လည်း ပါရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 8 MP စွမ်းရည်ဖြစ်ပါတယ်။ Selfie ရိုက်ကူးမှု အတွက် ပုံရိပ်ကောင်းများကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည် ကတော့ 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါ တယ်။ အသံပိုင်းစနစ်တွင် Dolby Atmos audio enhancement , 24-bit/192kHz audio, Active noise cancellation with dedicated mic စနစ် များလည်း ပါရှိပါတယ်။ ဖုန်းရဲ့မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ဟာ 3GB (သို့) 4 GB ပါရှိပါတယ်။ Internal Storage အနေဖြင့် 32 GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်း လိုပါက မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုရပါမယ်။ Cardslot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို 256 GB အထိ ချဲ့ထွင်သုံးစွဲနိုင်ပါမယ်။

ဖုန်းတွင်ပါရှိသော Android Version ကတော့ Lollipop ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားမှာ Mediatek MT 6755 Helio P 10 ဖြစ်ကာ CPU စွမ်းရည်ကတော့ Octa core (4×1.8 GHz Cortex - A 53 & 4 × 1.0 GHz Cortex - A 53) ဖြစ်ပါတယ်။ ထို့ကြောင့် ဖုန်းကို အသုံးပြု တဲ့အခါတွင် လျင်မြန်သွက်လက်ပါမယ်။ GPU အမျိုးအစား ကတော့ Mali-T 860 MP 2 ပါ။ ဖုန်းများတွင် လုံခြုံရေးစနစ် မြင့်မားစေရန် သက်ဆိုင်ရာ ဖုန်းကုမ္ပဏီများသည် နည်းစနစ်အမျိုးမျိုးကို ဆန်းသစ်တီထွင် ထည့်သွင်း ပေးလာကြပါတယ်။ လူသုံးများသော လုံခြုံရေးစနစ်ကတော့ လက်ဗွေရာ အသုံးပြုမှုဖြစ်ပါတယ်။ ဖုန်းအများစုတွင် Finger Print ပါရှိလာရာ ယခု K5 Note တွင်လည်း ထိုစနစ်ကိုအသုံးပြုနိုင်ပါမယ်။


အဆိုပါလက်ဗွေရာဖတ် စနစ်ကို ဖုန်း၏အနောက်ဘက်တွင် ထည့်သွင်း ပေးထားပါတယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 3500 mAh ဖြစ်ပါတယ်။ ထို ဘက်ထရီဟာ အသင့်အနေအထားတွင် နာရီ ၅၀၀ နီးပါးနှင့် 3G Network တွင် စကားပြောဆိုရန် ၂၇ နာရီနီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင် ပါတယ်။ ဖုန်းအရောင်ကွဲများကိုလည်း ထုတ်လုပ်ပေးထားပါတယ်။


<Specifications>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 32 GB
OS - Android OS, v5.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com