2/15/2017

♪ “ဖုန်းကိုအားသွင်းပေးမယ့် ဒစ်ဂျစ်တယ် ဘောပင်” ♫

No automatic alt text available.

ChargeWrite အမည်ရကိရိယာငယ်လေးဟာစမတ်ဖုန်း၊ တက်ဘလက်များမှာ စာရေးသားနိုင်တဲ့ ဒစ်ဂျစ်တယ် ဘောပင် ဖြစ်သလို 16GB Storage ပါတဲ့ အတွက် ဒေတာများသိမ်းဆည်းထားနိုင်ပါတယ်။ ဒါ့အပြင် သူကစမတ်ဖုန်း မျက်နှာပြင်ကိုလည်းသန့်ရှင်းရေးလုပ်ပေးနိုင်သလိုဖုန်းအားသွင်းပေးနိုင် ပါတယ်။

ChargeWrite ကိုထုတ်လုပ်ရောင်းချဖို့ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ လက်ရှိမှာရန်ပုံငွေ ထည့်ဝင်သူပေါင်း ၅၀၀ နီးပါး ရှိပြီဖြစ်ပြီးဒေါ်လာ ၃၀,၀၀၀ ရရှိနေပါပြီ။ ကုမ္ပဏီရည်မှန်းထားတဲ့ ငွေရဲ့ ၃၀၀ ရာခိုင်နှုန်းကျော်ကိုရရှိနေတာ ဖြစ်ပါတယ်။

ChargeWrite ရဲ့ အခြားကိရိယာများထက် အားသာချက်ကတော့ သူနဲ့ စမတ်ဖုန်းကိုအားသွင်းဖို့အတွက် လိုအပ်တဲ့ Adapters အားလုံးကိုသူ့မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကြိုးများချိတ်ဆက်၍ အားသွင်း ဖို့ မလိုအပ်တော့ပါဘူး။ သူက iPhone Lightning Port သာမက Micro USB Device နဲ့ Android Smartphone တိုင်းကိုအားသွင်းပေးနိုင်ပါတယ်။

သူ့ကိုတစ်ခါအားသွင်းထားရင် တစ်လကျော် အသုံးပြုနိုင်တယ်လို့ သိရပါ တယ်။Indiegogo ၀က်ဆိုက်မှာ ၂၉ ဒေါ်လာရန်ပုံငွေ ထည့်ဝင်ထားရင် ChargeWrite ကိုရောင်းချချိန်မှာတစ်ခုရရှိမှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com