အဲဒီလိုတွေ
ရှိခဲ့တဲ့အတွက် အခု HTC 11 ကို Dual Rear Camera အဖြစ်
မှန်းထားကြပါတယ်။ကင်မရာပိုင်း နဲ့ ပတ်သက်လာရင် အရည်အသွေး ပိုင်း စိတ်ချရတဲ့
HTC ဟာ အခု တစ်ခေါက်ကိုလည်း LED Flash mode နဲ့ လာရောက်ဖွယ် ရှိနေပါတယ်။
အဲဒီနေရာမှာ
OIS ဆိုတာ အကြောင်း ကို နည်းနည်း လောက် မိတ်ဆက်ပေးပါရစေ။ OIS ကို HTC 10
မှာ ထည့်သွင်းခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံးပါဘဲ။ ရှေ့ ၊ နောက်
ကင်မရာနှစ်ခုစလုံးမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်
ဘယ်ကင်မရာသုံးသုံး၊ တောက်ပခြင်း၊ စူးရှခြင်းနှင့် ကိုယ်လိုချင်တဲ့ Stay
ဓါတ်ပုံတွေကို အကောင်းဆုံး ရရှိနိုင်မှာ ပါ။
OIS ဆိုတာ Optical Image Stabilization ကို
ဆိုလိုတာ ဖြစ်ပါတယ်။ Nikon , Cannon တို့ရဲ့ DSLR တန်းမြင့် ကင်မရာတွေ
မှာသာ သုံးလေ့ ရှိကြတဲ့ Fuction တစ်ခုလည်း ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ Compact Camera တွေ တင်သာ မကပဲ မိုဘိုင်းဖုန်းတွေကပါ
ယူငင် သုံးစွဲလာကြတဲ့ ကင်မရာဆက်စပ်နည်းပညာ ဖြစ်ပြီး သူနဲ့ ခပ်ဆင်ဆင် EIS
ဆိုတာ ရှိပါသေးတယ်။ အမြင် ရုပ်ပုံ တည်ငြိမ်စေခြင်း လို့ အဓိပ္ပါယ်
ပြန်လို့ရနိုင်ပေမယ့် အမှန်စင်စစ် က တော့ ကိုယ်ရိုက်ကူးမယ့် ပုံရိပ်ကို
ဘော်ဒီဖောင်းလိုင်းတွေ မှာ အရိပ်တွေ၊ေ၀၀ါးတာတွေ လုံးလုံး
ပါဝင်မလာနိုင်အောင် ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။ အားနည်းချက်တစ်ခု အနေနဲ့
ဘက်ထရီ အကုန်မြန်စေပါတယ်။
OIS ကို လက်ရှိမှာ iPhone 6 S
နဲ့ အထက် တွေ ပါရှိတာလာနိုင်ပြီး ဈေးကွက်ထဲက တန်းမြင့်ဖုန်းတွေ မှာ အဲဒီ
လုပ်ဆောင်ချက် နဲ့ ခပ်ဆင်ဆင် နည်းပညာ လုပ်ဆောင်ချက်တွေ ပါရှိလာတာကို
တွေ့ရမှာ ဖ်ြစပါတယ်။
HTC 10 ရဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်ကို
ပညာရှင်တော်တော်များများ က ဂုဏ်ပြုချီးကျူးးခဲ့ကြပြီး ကင်မရာကို
အစားထိုးနိုင်မယ့် အကောင်းဆုံး စမတ်ဖုန်း တွေ ထဲမှာ တစ်ခု အဖြစ်
ရပ်တည်နိုင်ခဲ့သလို HTC 11 ဟာလည်း အဲဒီ ထက် မလျှော့တဲ့ နှုန်းထား နဲ့
ပရိသတ်ရှေ့ရောက်လာဖို့ သေချာလှပါတယ်။
HTC အကြောင်း ပြောပြီဆိုရင် နည်းပညာ အကြောင်း ကို ပြောကို ပြောမှ
ဖြစ်ပါမယ်။ HTC နဲ့ Google တို့ နှစ်ယောက်သား ပုံဖော်ခဲ့တဲ့ Nexus 9 မှာ
အရည်အသွေးမြင့် နည်းပညာတွေ အများအပြား ကို တွေ့ခဲ့ရပြီးပါပြီ။
HTC 10 မှာလည်း အခုလို နည်းပညာတွေ အများအပြား တွေ့ခဲ့ရပါတယ်။ CPU အမြန်နှုန်း က Qualcomm
® Snapdragon™ 820၊ Quad Core၊ 64bit၊ 2.2GHz တွေကို သုံးစွဲထားတာ တွေ့ခဲ့ရပါတယ်။
အဲဒီ အတွက် HTC 11 ကို ခန့်မှန်း သတင်းထုတ်ရမယ် ဆိုရင် battery 3,500
mAh, Qualcomm Snapdragon 830 ဒါမှမဟုတ် 835, 8 GB RAM. 256 GB Storage via
microSD ဆိုပြီး ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ မှားနိုင်ပါသေးတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ HTC 10 မှာ 4GB နဲ့ ဈေးကွက်ဖွင့်သွားခဲ့တဲ့အတွက်
6GB ဖြစ်လာနိုင်ခြေရှိပါတယ်။ တစ်ခု ရှိတာ က ဈေးကွက်မှာ တခြား အမျိုးအမည်
မထင်ရှားတဲ့ စမတ်ဖုန်းတွေတောင် ထိပ်တန်း ဈေးနှုန်းပေးရမယ် ဆိုရင် 8GB ကို
ထုတ်ပေးနေတဲ့ 6GB ကိုသာ ပေးမယ် ဆိုရင် နေရစ်တော့ HTC ရေ လို့ ပြောရမယ့်
အနေအထား ပါ။
HTC ဟာ အားသာချက် တစ်ခု က အင်တာနက် သုံးရင် တော်တော်မြန်တာပါပဲ။ ဒါကို
Nexus 9, HTC 10 , HTC ပေါ်ဦးစ ဖုန်းတွေ အထိ လေ့လာကြည့်ရင် သိနိုင်ပါတယ်။
HTC 10 ဟာ GSM/GPRS/EDGE ကို လိုင်းဆွဲအား 450Mpbs အထိ ပေးအပ်ထားတဲ့ အပြင်
4G LTE နဲ့ တည်ဆောက်ထားတဲ့ ဒေါင်းလုပ်ချမလား ၊ upload တင်မလား ရှယ်ပဲ လို့
ဆိုရလောက်အောင် မြန်ပါတယ်။ တစ်ခုတော့ ရှိတာ က မူရင်း အင်တာနက် Provider
ကတော့ ပုံမှန်အလုပ်လုပ် မှ ဖြစ်မှာပေါ့ ။
HTC 10 ဟာ ဒီလို ပါဝင်ခဲ့ပါတယ်။
-
- NFC
- BT4.2
- Wifi – 802.11 a/b/g/n/
- DLNA™
- AirPlay™
ဆိုတဲ့အပြင်
..HTC Bolt မှာ 4GB RAM ကို USB Type C တွေ နဲ့ ပေးထားခဲ့တဲ့ အတွက် HTC 11
ဟာ အရင်ကလိုပဲ AT&T နဲ့ ပဲ လက်တွဲဦးမလား ။ သေချာတာက ထိတွေ့သူရဲ့
အာရုံကို သေချာဂရုစိုက်ပေးမယ့် Sense Touch ပါရှိပါလိမ့်မယ်။ ထိတွေ့သူရဲ့
တည်နေရာလိုက်ပြီး မျက်နှာပြင် လှည့်ပေးမယ့် AI နည်းပညာကိုတော့ Goolge ဆီကနေ
အကူအညီယူ ထုတ်ဖော်ပေးပါလိမ့်မယ်။
မိုဘိုင်းဖုန်းတစ်လုံး ထက် ပိုတဲ့ လုပ်ဆောင်ချက် ဆိုတာ
မိုဘိုင်းဖုန်းကုမ္ပဏီတိုင်း လိုလို ရူးသွပ်ကြတဲ့ လုပ်ဆောင်ချက်တွေ ပါ။
အဲဒီလုပ်ဆောင်ချက်ေတွ ရရှိဖို့ လုပ်ကိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့
အာရုံခံနည်းပညာတွေကို ဖွံ့ဖြိုးအောင် လုပ်ပြီး ကိုယ့်မိုဘိုင်းဖုန်းထဲမှာ
ထည့်သွင်းတာပါပဲ။ Sensor တွေ အနေနဲ့ HTC 10 မှာ ထင်ထင်ရှားရှား
ထုတ်ဖော်ပြသခဲ့တဲ့ နည်းပညာ ပိုင်းတွေ အများအပြား ရှိခဲ့ပါတယ်။
-
Sensor များ
- ပတ်ဝန်းကျင်အလင်းရောင်ပြုဆင်ဆာ
- နည်းကပ်မှုသတိပေးဆင်ဆာ
- ရွေ့လျားမှု G-အာရုံခံ
- သံလိုက်အိမ်မြှောင် ဆင်ဆာ
- သံလိုက်အာရုံခံဆင်ဆာ
- လက်ဗွေဆင်ဆာ
- Hub ဆင်ဆာ
HTC 11 မှာ ဘယ်လို အာရုံခံနည်းပညာစနစ်တွေ ရှေ့တန်းတိုးထွက်လာမလဲ။
သူများတွေကပါ လိုက်ပြီး အတုယူ ပုံကူးကူးရမယ့် နည်းပညာတွေဟာ ထင်ထင်ရှားရှား
ပါဝင်လာနိုင်မလား ။
လှပသပ်ရပ်တဲ့ ကိုယ်ထည်တစ်ခုလုံးအား သတ္တု နဲ့ တည်ဆောက်ထားခဲ့တဲ့ The HTC
Ocean ဟာ Ocean Master, Ocean Note, နဲ့ Ocean Smart စတာတွေ နဲ့
ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ HTC 10 ဟာ 5.2-လက်မ ရှိခဲ့ပါတယ်။ 1,440 x 2,560
pixel resolution ရှိခဲ့ပါတယ်။
HTC 11 ဟာ Android 7.0 Nougat ပါရှိပါလိမ့်မယ်။ HTC 10 ဟာ ၂၀၁၆ ခုနှစ် ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေ စာရင်း မှာ ပါရှိခဲ့ပါတယ်။
Android
7.0 Nougat ဆိုတာ : ဘက်ထရီသက်တမ်း ပိုပြီး ကြာရှည်ခံတာတွေ ၊ Multi Task
အထောက်အပံ့တွေ အပြင် လုပ်ဆောင်ချက် အများအပြား နဲ့ ထွက်ရှိထားတဲ့
နောက်ဆုံးပေါ် Android OS ဖြစ်ပါတယ်။
Nougat ရဲ့ လျို့ဝှက်ချက်တွေကို ကျွန်တော်တို့ Digital Times မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။
Android Version အားလုံးရဲ့ နာမည်အစကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း ပေးခဲ့တာပဲ ဖြစ်ပါတယ်။
Cupcake – Android 1.5
Donut – Android 1.6
Eclair – Android 2.0
Froyo – Android 2.2
Gingerbread – Android 2.3
Honeycomb – Android 3.0
Ice Cream Sandwich – Android 4.0
Jelly Bean – Android 4.1 – 4.3.1
KitKat – Android 4.4 – 4.4.4
Lollipop – Android 5.0 – 5.1.1
Marshmallow – Android 6.0 – 6.0.1
Nougat – Android 7.0 – 7.1
April 2017 ဟာ ခန့်မှန်းထားတဲ့ ရက်စွဲပါ။ ဒါပေမယ့်
အွန်လိုင်းမီဒီယာ တော်တော်များများ က ဧပြီ ၂၀၁၇ ခုနှစ် ကို
ညွှန်းဆိုနေကြပြီး MWC အပြီးမှာ လွှင့်ထုတ်မယ် လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွက်ကတော့ နှစ်သစ်ကူး သင်္ကြန်ကာလ ဖြစ်တဲ့အတွက် လူစိတ်ဝင်စားမှု
ရှိကြပါ့မလား လို့ စဉ်းစားစရာ ဖြစ်နေပါတယ်။
- HTC 10 – April 12, 2016
- HTC One M9 – March 1, 2015
- HTC One M8 – March 25, 2014
- HTC One M7 – February 19, 2013
ဒါဟာ HTC ထွက်ရှိခဲ့တဲ့ ရက်စွဲတွေ ဖြစ်ပါတယ်။ ဒါဆိုရင် April ဒုတိယအပတ် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ HTC 10 ဟာ မြန်မာဈေးကွက်အတွက် ဈေးနှုန်းနည်းနည်း
ကြီးမြင့်ခဲ့ပါတယ်။ အရည်အသွေးကော်ငးတွေ ရှိခဲ့ပေမယ့် မြန်မာနဲ့ အာရှမှာ
ထင်သလောက် မပေါက်ခဲ့တဲ့ ဖုန်းတစ်လုံး လို့လည်း ဆိုနိုင်ပါတယ်။
ဈေးနှုန်းတွေကိုတော့ ဒီလို ဖွင့်ခဲ့ပါတယ်။
- HTC 10 – £569.99
- HTC One M9 – £580
- HTC One M8 – £529.99
- HTC One M7 – £549.99
ဒါကြောင့်
အခု HTC 11 ဟာ £ 599 ဖြစ်သွားနိုင်ပါတယ်။ ဒေါ်လာ နဲ့ ဆိုရင်တော့ 600
စွန်းစွန်း ရှိလာနိုင်ပါတယ်။ HTC 10 ကို Win Mobile World က
မတင်သွင်းဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် HTC ကို ကိုယ်စားလှယ်ယူထားခဲ့တဲ့ KMD
မှာတော့ မှာကြားရင် ရနိုင်လောက်တယ် လို့ ယူဆရပါတယ်။
Extra s :
Specifications
ခန့်မှန်း