2/03/2017

♪ “Google က Android 7.1.2 Beta ကို ဖြန့်ချိ” ♫

Image may contain: text

Google က Android 7.1.2 Beta Build ကို Beta Testers များအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ Update မှာ Bugs များကို ပြင်ဆင်ထားပြီး လက်ရှိစွမ်းဆောင်ချက်များကိုပိုမိုကောင်းမွန်အောင် ဖန်တီးထားပါတယ်။ ဒါ့အပြင် Carriers နဲ့ Users များအတွက် အသုံးဝင်တဲ့ စွမ်းဆောင်ချက် အနည်းငယ် ပါလာပါတယ်။ Update မှာ Carriers အချို့ရဲ့ VoLTEအသုံးပြု နိုင်တဲ့ စွမ်းဆာင်ချက် ပါလာမယ်လို့ ထင်ရပါတယ်။

လက်ရှိမှာတော့ Beta Build ကို Google Pixel , Pixel XL, Nexus 5X, Nexus Player , Pixel C တို့မှာအသုံးပြုနိုင်ပါပြီ။ Nexus 6P အတွက် Update ကိုတော့ ဖန်တီးနေတုန်းပဲလို့ သိရပြီးမကြာခင်မှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Beta Version ကိုသုံးချင်ရင် android.com/beta ၀က်ဆိုက်ကနေ Sign Up လုပ်နိုင်ပါတယ်။ အဲဒီနောက်မှာ Download လုပ်ဖို့ Notifications ကိုရရှိမှာ ဖြစ်ပါတယ်။ Android 7.1.2 Stable Version ကိုလာမယ့် လအနည်းငယ် အတွင်းမှာ ဖြန့်ချိပေးမယ်လို့ ထင်ရပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com