2/11/2017

♪ YouTube က Mobile App မှာ Live လွှင့်နိုင်မယ့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေး” ♫

Image may contain: 2 people, phone and text

YouTube က Facebook Live ကိုယှဉ်ပြိုင်နိုင်ဖို့ သူ့ရဲ့ Mobile Apps များမှာ Live Video များရိုက်ကူးထုတ်လွှင့်နိုင်တဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်း ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ အဲဒီစွမ်းဆောင်ချက်ကို Subscribers ပေါင်း ၁၀ ,၀၀၀ နဲ့ အထက် ရှိတဲ့ လူများသာအသုံးပြုနိုင်သေးပြီး မကြာခင်မှာ User အားလုံးအတွက် ဖြန့်ချိပေးမယ်လို့ ပြောပါတယ်

YouTubeရဲ့ Live Streaming စွမ်းဆောင်ချက်ကိုအသုံးပြုရတာလွယ်ကူ ပါတယ်။ YouTube Mobile App ကိုဖွင့်ပြီး Capture Button ကို နှိပ်လိုက် တာနဲ့ Live လွှင့်နိုင်ပါပြီ။ Live Video များကို Search Box ကနေရှာဖွေနိုင် သလို Recommendations မှာလည်း ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Live Video များကို Playlist များအဖြစ် ဖန်တီးနိုင်ပါတယ်။

YouTube က ဒီစွမ်းဆောင်ချက်ကိုဗီဒီယိုဖန်တီးသူအနည်းငယ်နဲ့ စမ်းသပ်နေ တာ ကြာပြီဖြစ်ပြီး လိုအပ်ချက်များကို ပြင်ဆင်မွမ်းမံနေခဲ့တာ ဖြစ်ပါတယ်။ Facebook, Snapchat , Instagram တို့မှာဗီဒီယိုများကို မျှဝေမှုများပြားနေ တဲ့အတွက် YouTube က သူတို့ကိုအမှီလိုက်ဖို့ ဒီစွမ်းဆောင်ချက်ကို ထည့်သွင်းပေးတာ ဖြစ်ပါတယ်။





Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com